Jiminနေ့လည်စာဗန်းလေးကို စားပွဲခုံပေါ်ချပြီး
ထိုင်ခုံပေါ်ညင်ညင်သာသာ ထိုင်ချလိုက်သည်။"Jiminမင်းနဲ့ Jungkookတစ်ခုခုဖြစ်ထားတာလား?"
အနောက်ပါးမှ နေ့လည်စာဗန်းလေးကိုင်ပြီး
ထွက်လာတဲ့ Hopeအသံကြောင့် နောက်လှည့်ကြည့်လိုက်တော့
သကောင့်သားက သူ့ရှေ့မှာဝင်ထိုင်တယ်။"ဘယ်ကသာ ပေါက်တတ်ကရ မဖြစ်ပါဘူး ခေါ်တောင်မခေါ်တဲ့ကိစ္စ"
ထမင်းကို တူလေးနဲ့ကောက်ညှပ်ပြီး စားရင်းသူဖြေလိုက်တယ်။
"မင်းကသာ မဖြစ်တာ ဟိုကမင်းကို တကယ်မကျေနပ်နေတဲ့ပုံကြီးနော်
ကြည့်လိုက်ဦး ဟိုမှာ"Hopeလက်ညိုးညွန်ရာကိုကြည့်လိုက်တော့
သူ့ရှေ့တည့်တည့်ကခုံမှာ ထိုင်ပြီး နေ့လည်စာလဲမစားပဲ
သူ့ကိုပဲ စိုက်ကြည့်နေ့တဲ့ Jungkookကိုတွေ့လိုက်သည်။Jungkookပုံစံက တစ်ခုခုကိုတောင်းပန်ချင်နေသလိုလို။
ဒေါသတွေပဲထွက်နေသလိုလိုနဲ့။ဘေးနားကကောင်မလေးများကတောင်
တိတ်တိတ်ကလေး လက်တို့ပြီး ပြောကုန်ကြပြီ။
JiminကJungkookကိုဘာများလုပ်လိုက်တာလဲပေါ့။
ဘာများလုပ်လိုက်လို့ အဲ့လောက်တောင် Jungkookက
စိတ်ဆိုးနေရတာလဲ ဘာညာဆိုပြီးတော့ သူမကြားချင်မှအဆုံး။"တစ်နေကုန် အဲ့ရုပ်ကြီးနဲ့ မင်းနောက်လိုက်နေတာနော်"
အဲ့Jungkookဆိုတဲ့ ဘဲက ဝမ်းချုပ်နေတာလား မသိပါဘူး။
အူးးး ဘာပဲဖြစ်ဖြစ် သူနဲ့မဆိုင်ဘူး။"ဟာ..Hyung"
သူ့ဘာသူအသားလေးတစ်ဖက်ကို တူလေးနဲ့ကောက်စားနေတုန်းမှာပဲ
တစ်စုံတစ်ယောက်က သူ့ရဲ့ လွတ်နေတဲ့
ဘေးနားကိုဝင်ထိုင်လာတယ်။သူဝင်ထိုင်လိုက်တော့
Jiminက သူနဲ့ယှဉ်လိုက်ရင်
သူဟာ တော်တော်လေးကိုသေးမှန်းသိသွားတယ်။
ပန်ဒါအမေကြီးနဲ့ ပန်ဒါသားလေးလိုပဲ။"ကျွန်တော် Lucasလေ Hyung မှတ်မိရဲ့လား.."
"အာ Lucas"
ဒါသူနဲ့ ဟိုတစ်နေ့က ဝင်တိုက်မိတဲ့ကောင်လေးပဲ။
မျက်နှာလေးကြည့်ရတာလဲ ပြုံးလို့ရွှင်လို့
ကလေးတွေများ တတ်ကြွလိုက်တာ။
YOU ARE READING
Magic In The Moonlight
Fanfictionရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... ရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... Jungkook X Jimin paring ...