သူအဲ့လိုမျိုးကိုရူးသည်။
ဒီရက်ပိုင်းအတွင်း သူ့စိတ်ကိုသူပြန်စမ်းစစ်မိသည်။
သူJungkookအပေါ် သာမန်အားကျရုံပဲဆိုတာ
သေချာသလားလို့။

" Jiminကလဲ ကိုယ်ရှိပါတယ် ကိုယ်Coverပေးမှာပေါ့"

လေလိုင်းပေါ်က ပျံလာတဲ့ Jungkookရဲ့ အသံကြောင့်
သူနှုတ်ခမ်းလေးဖျားလေးတွေက မြှောက်တတ်သွားသည်။
သူမသိလိုက်ခင်မှာပဲ သူပြုံးမိသည်။
တစ်ခါတရံတွင် Jungkook ပြောလေ့ရှိသော
ထိုကဲ့သို့သော စကားများက
သူ့ကို စိတ်ချလုံခြုံသော ခံစားချက်ကိုပေးသည်။
အနှီယောင်္ကျားလေးသည် သူ့စိတ်နှလုံးအကုန်လုံး
ပုံပေးရလောက်တဲ့ထိအောင် ယုံကြည်ချင်စရာကောင်းသည်။

"အင်း ကျေးဇူးပါ Jungkook"

သူ့အသံလေးတောင် အဖြားရှပ်သွား သယောင်နှယ်။

Victoryဟူသော အသံထွက်လာပြီးနောက်
မိနှစ် ၃၀ခန့်ကြာခဲ့သော ဂိမ်းပွဲတစ်ပွဲကို
Jungkook၏ Carryကောင်းမူ့ဖြင့်
အနိုင်ယူကာ အပြီးသတ်ခဲ့လေသည်။

"Jungkook တော်ပြီနော် ငါအိပ်တော့မယ် မရတော့ဘူး
မျက်လုံးက"

"အင်း အင်း Jiminနားလေ အာ့ဆို မနက်ဖြန်မှတွေ့မယ်"

စကားသံလေးဆုံးသွားသောအခါ
ဖုန်းထဲကအသံလေးက တိခနဲပြက်ကျသွားခဲပြီ။
ထိုလူနှင့်သူ အမှန်တကယ် ဒီနေ့အတွက် ခွဲခွာလိုက်ပြီ။
ထိုအသိက သူ့ကို ဝမ်းနည်းလာစေသည်။
လွန်ခဲ့သော စက္ကန့်အနည်းငယ်ကမှနူတ်ဆက်ခဲ့ကြသော်လဲ၊
မနက်ဖြန်မနက်ဆို အတန်းထဲတွင်ပြန်တွေ့ရမည်ဆိုသော်လဲ
သူJungkookနှင့်တွေ့ဖို့ကို အချိန်နည်းနည်းလေးမှတောင်
မစောင့်ချင်ပါ။
အချိန်တိုင်း ထိုလူအနားနားရှိနေချင်နေသည်။

သူ့က ထိုလူသားအပေါ် ရိုးရောရိုးရဲ့လားတောင်
သူ့ကိုယ်သူမသိသိတော့ပါ။
သာမန်အားကျမူ့လောက်တော့မဟုတ်တာ သေချာသည်။
ထိုလူ့အပေါ်သူ သဘောကျနေမိသည်လား??

လက်ထဲတွင်ကိုင်ထားသော ဖုန်းလေးကို
ရင်ဘက်ထဲကောက်ထည့်မိသည်။
သူထိုအကြောင်းကို တွေးရုံနဲ့တင်
ရင်ကအစမတန်ခုန်လာသည်။

"ကလင် ကလင် ကလင်!"

တွေးလို့မှမဆုံးသေး ရင်ဘက်ထဲရှိဖုန်းက
ကောက်၍အသံမြည်လာသည်။
ဖုန်းကိုထုတ်ကာ screenကိုကြည့်လိုက်တော့
Jungkookဟူသော contactလေးကထင်ရှားစွာပေါ်နေသည်။

Magic In The MoonlightWhere stories live. Discover now