4[Zawgyi & Unicode]

7.4K 897 5
                                    

[Zawgyi]

ငါဘာလို့ အရမ်းဆွဲဆောင်မှုရှိနေရတာပါလိမ့်?

ချီရှန် နင်မုန့်အား စိတ်လှုပ်ရှားစွာကြည့်လာသည်။ ဟိုးအစကတည်းက ထိုမိန်းမအား သူသဘောမကျခဲ့ပေ။ တစ်ခုတော့ သိသင့်သည်က ဟော်ပေ့ချန်ဆိုတာ အလွန်အမင်း ချမ်းသာပြီး ချောမောလွန်းတဲ့ လူဆိုတာပါပဲ။ ဟော်ပေ့ချန်နှင့်နီးစပ်အောင် လုပ်ဖို့ကြိုးစားချင်ကြသော မိန်းကလေး အမြောက်အမြားရှိတာတောင် အဆုံးမှာ သူ့သူဋ္ဌေးက နင်မုန့်လို မိန်းကလေးကို လက်ထပ်ဖို့ ရွေးချယ်လိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့။ နင်မုန့်က သစ္စာမဲ့သောမိန်းမဆိုတာ သူ့အပေါင်းအသင်းများပါ သိကြသည်။ ပြီးခဲ့သည့်နှစ်အတွင်း သူမတွဲခဲ့သော ချစ်သူအရေအတွက်ဆိုတာ ရေတွက်ဖို့ရာတောင် များလွန်းလှသည်အထိပင်။

ကမ္ဘာပေါ်မှာ ရှိသော ယောက်ျားတွေကတော့ သေချာပေါက် နင်မုန့်လိုမိန်းကလေးကိုပဲ ရွေးချယ်လိမ့်မှာဖြစ်သည်။ သူမသည် အံ့သြဖွယ်ကောင်းလှသည့် အသွင်အပြင်နှင့် စွဲမက်ဖွယ်ကောင်းလှသော အလှကိုပိုင်ဆိုင်ထားသည် မဟုတ်လား။ လူအားလုံးကို အံ့အားသင့်စေသည့် အရာကား ဟော်ပေ့ချန်နှင့် နင်မုန့်တို့သည် လက်ထပ်ပြီးသည်နှင့် အတူမနေသော သတင်းသာဖြစ်လေ၏။

သူတို့လက်ထပ်ပြီး သိပ်မကြာခင်အချိန်မှာပင် နင်မုန့်၏ ညဉ့်ဆိုးဖြစ်သည့် တခြားယောက်ျားတွေနှင့် ချိန်းတွေ့သည့် အကျင့်က ပြန်ပေါ်လာသည်။ သူမကို ဟော်ပေ့ချန်ကွာရှင်းပေးလာဖို့အတွက် အကြိမ်များစွာ ကြိုးစားခဲ့လည်း ဟော်ပေ့ချန်ကတော့ အချိန်တိုင်း မကွာရှင်းပေးခဲ့ပေ။ သူမရဲ့ သစ္စာမရှိမှုတွေကိုပါ ဟော်ပေ့ချန်သည် မမြင်မသိသလိုပင် နေပေးခဲ့သလို ချီရှန်နှင့် ဟော်ပေ့ချန်၏ အပေါင်းအသင်းများကပါ နောက်ကွယ်က အကြောင်းအရင်းကို ရှာမတွေ့ခဲ့ကြပေ။ ထိုနည်းလမ်းဖြင့် အလုပ်မဖြစ်သည်ကို သိသွားသည့်အခါ ဟော်ပေ့ချန် သူမကို ကွာရှင်းပေးဖို့ရာအတွက် နင်မုန့်သည် သူမဘဝနှင့်လောင်းကြေးထပ်ကာ ခြိမ်းခြောက်တော့သည့်အခါ ချီရှန်ကတော့ ဝမ်းသာခဲ့သည်။ သူ့သူဋ္ဌေးခံစားနေရတာတွေ ပြီးဆုံးတော့မည်ဆိုတာ သူသိနေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now