101[U&Z]

2.9K 332 2
                                    

[Unicode]

နင်မုန့် မျက်ခုံးပင့်မိသွားသလို မေးခွန်းထုတ်လိုက်သည်။ "ဘာလဲ  ကြောက်လို့လား"

ရုတ်တရက်ဆိုသလိုပဲ လင်းချင်ပေ့က မန်နေဂျာဆီမှ ဖုန်းကို ဆွဲယူပြီး ပြောလိုက်သည်။ "မဟုတ်ဘူး ဒီအတိုင်း သူနဲ့ TV showတစ်ခုတည်းမှာ မဆုံချင်လို့။ ငါ ပြောချင်တာက...မင်း သူ့ကို မုန်းတယ် မဟုတ်လား"

“??”

ထိုစကားကြောင့် နင်မုန့် နှုတ်ခမ်း လှုပ်သွားရသည်။

"ငါ မုန်းတယ်လေ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် သူမက နိုင်ငံတွင်းမှာ နာမည်ကြီးပြီး အကျော်ကြားဆုံး လူတွေထဲက တစ်ယောက်ပဲမို့ နေရာတိုင်းမှာ တွေ့နေရမှာပဲ။ ဘာလဲ ဒါဆို ရှင်ကလည်း သူမ သွားတဲ့နေရာ မှန်သမျှ မသွားဘူးပေါ့?"

ထိုသို့ ကြားလိုက်ရတဲ့အခါ လင်းချင်ပေ့ တိတ်ဆိတ်သွားသည်။

နင်စံအိမ်မှာ စုထျန်းထျန်း လုပ်ခဲ့တဲ့ လုပ်ရက်တွေကို ပြန်စဉ်းစားမိလိုက်တဲ့အခါ နင်မုန့် မျက်လုံး အရောင်လဲ့သွားလေ၏။

ထို့နောက် သူမ အမိန့်ပေးလိုက်သည်။ "ငါတို့ ပါဝင်မယ်။ ဒါတင်မဟုတ်သေးဘူး ပထမဆုကိုပါ အနိုင်ရအောင် ယူမယ်။ စုထျန်းထျန်းကို သူမရဲ့ ကိုယ်ပိုင်ဂိမ်းကနေ အနိုင်ယူပစ်ပြီး မျက်ရည်တွေနဲ့ စင်ပေါ်‌ကနေ ဆင်းသွားရ‌အောင်ကို အနိုင်ယူပစ်မယ်!"

ထိုစကားကြောင့် မန်နေဂျာဖြစ်သူက အံ့ဩတုန်လှုပ်သွားသည်။ "ဒါပေမယ့် အဆိုတော်အများကြီး ပါဝင်မှာ! စုထျန်းထျန်းကိုယ်တိုင်တောင် ပထမဆု ရနိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး! ပထမဆု ရဖို့မပြောနဲ့ final round ထိ တက်နိုင်တာနဲ့တင် လင်းချင်ပေ့အတွက် အရမ်းကို အိမ်မက်ဆန်လွန်းနေပြီ"

နင်မုန့် ပြန်ပြောလိုက်သည်။ "ဒါဆိုလည်း ငါတို့ဆက်လျှောက်ပြီး မဖြစ်နိုင်တာကို အနိုင်ယူကြတာပေါ့!"

“…”

မန်နေဂျာကို ပြန်ချေပခွင့် အလျဉ်းမပေးတော့ဘဲ သူမ ဖုန်းချလိုက်သည်။

ဘော့စ်ရဲ့ ဆုံးဖြတ်ချက်က နောက်ဆုံး ဖြစ်နေတဲ့အခါ မန်နေဂျာကလည်း ပွဲရဲ့ စည်းမျဉ်း စည်းကမ်းတွေကို နင်မုန့် ဖုန်းထံ ပို့ပေးလိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now