139[U&Z]

1.9K 240 1
                                    

[Unicode]

ဒီနေ့တနေကုန် ဈေးဝယ်ထွက်ခဲ့တဲ့ အရှိန်ကြောင့် ကျန်းရှန့်မေလည်း အတော်အသင့် ခြေကုန်လက်ပန်းကျနေပြီ ဖြစ်သည်။

ထူထဲနေတဲ့ မိတ်ကပ်တွေတောင် နီရဲပြီး မို့မောက်လာတဲ့ သူမရဲ့ မျက်ဝန်းတွေကို ဖုံးကွယ် မပေးနိုင်ပေ။

ထိုအချိန်မှာပဲ ကျန်းရှန့်မေက လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသလို ဒေါသတို့ ထွက်အောင်ကြိုးစားလိုက်ပြီး ခန္ဓာကိုယ်ပါ တုန်ယင်လာအောင် လုပ်နေလိုက်သည်။

သူမ ပါးစပ်က ဘာစကားမှ မပြောနိုင်ခင်မှာပဲ မျက်ရည်တို့က ကျဆင်းလာသည်။

နင်မုန့်က ချက်ချင်းပဲ ကျန်းရှန့်မေရဲ့ အရှေ့မှာ ရပ်လိုက်သည်။

လီဟောက်ကျယ်ကို စူးရဲစွာ စိုက်ကြည့်နေပေမယ့် သူမရဲ့ ပုံစံက တည်ငြိမ်လို့နေ၏။ "ကျန်းရှန့်မေရဲ့ မိတ်ကပ်က နည်းနည်း ကြည့်ရဆိုးရင် ဆိုးနေလိမ့်မယ် ဒါပေမယ့် ရှင်ကတော့ သူမနဲ့ မတူဘူး"

‌လီဟောက်ကျယ် ဝေခွဲရ ခက်သွားသည်။

"ရှင်က မိတ်ကပ်မပါလည်း ရုပ်ဆိုးတာပဲ"

နင်မုန့်ရဲ့ မှတ်ချက်ကြောင့် လီဟောက်ကျယ် ရှော့ရသွားသည်။ သို့ပေမယ့် နင်မုန့်က သူ့ကို ပြန်ကုစားချိန်တောင် မပေးဘဲ ဆက်လက်၍ ထိုးနှက်တော့၏။

"ရုပ်ဆိုးတဲ့ လူတွေကို ကျွန်မ မြင်ဖူးပြီးသားဆိုပေမယ့် ရှင်က သူတို့အားလုံးထဲမှာမှ ရုပ်အဆိုးဆုံးပဲ။ တချက်ကြည့်လိုက်ရုံနဲ့ ရှင်က ရုပ်ဆိုးပုံပေါက်တယ် ဆိုပေမယ့် အနီးကပ်ကြည့်လေ ပိုရုပ်ဆိုးလာလေပဲ။ တစ်ကိုယ်တော် အနုပညာရှင်လုပ်ဖို့ ဘယ်ကသတ္တိတွေနဲ့များ လုပ်ခဲ့တာလဲ ဟမ်? အဲ့ရုပ်ဆိုးမှုကို တစ်ခုတည်းကပဲ ကုသနိုင်မယ်လို့ ကျွန်မ ထင်တယ်...."

ပဟေဠိဖြစ်စွာပဲ လီဟောက်ကျယ်က သူမရဲ့ စကားကို ဆက်စောင့်နေလိုက်သည်။

နင်မုန့် မာန်ပါပါနှင့် ပြောလိုက်တော့၏။ "ရှင့်တဘဝလုံး ပြန်သုံးသပ်လိုက်ရင်းလေ!"

လီဟောက်ကျယ်က ဒေါသထွက်လာကာ "မင်းကများ...."

သူ့စကား မပြီးသေးခင်မှာပဲ နင်မုန့်က ထပ်ပြီး ဖြတ်ပြောလာ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now