142[U&Z]

2K 230 2
                                    

[Unicode]

ဘယ် မိန်းကလေးကျန်းလဲ?

လီဟောက်ကျယ် ‌ကြက်သေ ‌သေသွားပြီး ထိုနေရာမှာတင် အေးခဲသွားသည်။

အဲ့ဒီ စွဲမက်ဖို့ကောင်းတဲ့ မိန်းကလေးက ကျန်းရှန့်မေတဲ့လား!?

ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ?

သူ့နှလုံးသားက ဖိချသလို ခံစားလိုက်ရသည်။

သူတို့ ပထမဆုံး တွေ့ခဲ့တဲ့ အချိန်က အရမ်းကြာနေပြီ ဖြစ်တာမို့ သူမရဲ့ မိတ်ကပ်ထူထူအောက်က မျက်နှာလေးရဲ့ အလှအပကို အတော်ကြာကြာ မေ့နေမိတာ ဖြစ်သည်။

တောင့်တင်းစွာ ရပ်နေတုန်းမှာပဲ အသံတစ်သံကို ကြားလိုက်ရ၏။ "ဆရာလီ"

လီဟောက်ကျယ် လှည့်ကြည့်လိုက်တော့ မိတ်ကပ်ပြင်ပြီးသွားတဲ့ စုထျန်းထျန်းက သူ့ဆီ လျှောက်လာတာကို တွေ့လိုက်ရသည်။ အတင်းအဖျင်းသတင်း ထွက်ထားတဲ့ သူတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် တွေ့တဲ့အခါ... ပတ်ပတ်လည်မှ ဝန်ထမ်းများကလည်း ကို့ရို့ကားယားဖြစ်သလို ခံစားလိုက်ရသည်။

စုထျန်းထျန်းကတော့ တည်ငြိ‌မ်နေပုံ နှင့် ထက်မြက်ပြီး ရိုးသားတဲ့ အမူအရာကို ပြသလို့ နေ၏။

ခနနေကျရင် စင်ပေါ်မှာ ဖျော်ဖြေရမှာမို့ ခမ်းနားလှပတဲ့ dressကို ဝတ်ဆင်ထားသည်။ ဒါ့အပြင် သူမရဲ့ မိတ်ကပ်သည်လည်း တကယ်ကို မှင်သက်ဖွယ် ကောင်းလွန်းလှ၏။

စုထျန်းထျန်းကို သူကြည့်လိုက်တဲ့အခါ မသိလိုက်စွာပဲ အစောက မြင်လိုက်ရတဲ့ လှပတဲ့မျက်နှာလေးက လီဟောက်ကျယ် အတွေးထဲဝင်လာလေသည်။ ယှဉ်ကြည့်ပါက စုထျန်းထျန်းရဲ့ အလှအပက မှေးမှိန်သလိုတောင် ဖြစ်သွား၏။

စုထျန်းထျန်းကသက်ပြင်းချလိုက်သည်။ "ဆရာလီ ရှင်နဲ့ မိန်းကလေး ကျန်းတို့ စုံတွဲက ကျွန်မတို့ အသိုင်းအဝိုင်းထဲမှာ နာမည်ကြီးပြီး နှစ်သက်စရာ ကောင်းလွန်းတဲ့ စုံတွဲတွေပါ။ အခု သူမက ရှင့်ကို အထင်လွဲသွားတာကလည်း သူမက ရှင့်အပေါ် အရမ်းဂရုစိုက်တာမို့လေ။ သူမဆီ သွားချော့လိုက်ပါလား။ အားလုံးအဆင်ပြေသွားမှာပါ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now