47[U&Z]

4.1K 580 23
                                    

[Unicode]

ဟော်ပေ့ချန်ကတော့ ထိုအမျိုးသမီးကို အဖြေပြန်မပေးဘဲ ဖုန်းချလိုက်၏။ ပြီးနောက်မှာတော့ နင်မုန့်အတွက် ချက်ထားသည့် ခေါက်ဆွဲပန်းကန်လုံးကို ကိုင်ကာ အပေါ်သို့တက်သွားလိုက်သည်။ တစ်စုံတယောက်ကို တောင်းပန်တာက ဟော်ပေ့ချန်အတွက် ပထမဆုံး အကြိမ်ဖြစ်လေသည်။ တံခါးကို နှစ်ကြိမ်ခေါက်လိုက်ပြီးနောက် စကားမပြောတော့ဘဲ ဝင်သွားလိုက်သည်။

အခန်းထဲသို့ ဝင်လာသည့် ဟော်ပေ့ချန်ကို တွေ့လိုက်တဲ့အခါ နင်ဝမ့်ထောင်ရော နင်မုန့်ပါ ကြောက်လွန်းတာမို့ တုန်ခါနေလေ၏။ ပထမဆုံး နင်မုန့်က အကာအကွယ်အနေဖြင့် ဖခင်အနောက်တွင် ပုန်းဖို့လုပ်လိုက်ပေမယ့် သူမ ဘာမှမလုပ်နိုင်သေးချိန်မှာပဲ နင်ဝမ့်ထောင်က ချက်ချင်း သူမကို အနောက်သို့ ပို့လိုက်လေ၏။

"..."

"လာစားလေ" တုံ့ပြန်လိုက်တဲ့ သူတို့ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေက ဟော်ပေ့ချန်ကို အံ့အားသင့်စေသည်။

"???"

"နောက်ဆုံး ညစာများလား" နင်ဝမ့်ထောင် တိုးတိုးလေး ရေရွတ်လိုက်သည်။

မမျှော်လင့်စွာပဲ သူ့စကားတွေက နင်မုန့်အတွေးတွေကို ထုတ်ပြောဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားလေသည်။

"ကျွန်မ ဗိုက်မဆာဘူး" နင်မုန့် အလွန် ကြောက်ရွံ့စွာဖြင့် ပြန်ဖြေလိုက်၏။

ဗိုက်မဆာဘူးဆိုသော စကားကို ကြားလိုက်ရတဲ့အခါ ဟော်ပေ့ချန် မပျော်ရွှင်တော့ပေ။

"အဲ့ဒါ တကယ်အရသာရှိတာ သိလား..." ဟော်ပေ့ချန် တိုက်တွန်းသလိုဖြင့် ပြောလိုက်သည်။

"??"

ဟော်ပေ့ချန် သူမဆီသို့ လျှောက်သွားကာ အမိန့်ပေးလိုက်သည်။ "စား!"

"..."

ကြက်သားခေါက်ဆွဲမှ အနံ့က တဖြေးဖြေး သူမရဲ့ နှာခေါင်းဆီသို့ ရောက်လာတဲ့အခါ ဗိုက်ကလည်း ဆာလောင်မှုကြောင့် မြည်ဟီးနေ‌ တော့၏။ တောင့်ခံဖို့ရာ ခက်ခဲလွန်းလှတာမို့ နင်မုန့် ခေါက်ဆွဲပန်းကန်ကို ကြည့်လိုက်သည်။ စွပ်ပြုပ်အပေါ်တွင် ဆီတို့အနည်းငယ် ဝေ့နေပြီး ကြက်မျှင်တွေအောက်မှာ ပုန်းနေသည့် ခေါက်ဆွဲသား‌ရှည်ရှည်တွေကိုပါ မြင်နေရသလို တရုတ်နံနံပင် အနည်းငယ်ကို ခေါက်ဆွဲပေါ်တွင် တင်ထားကာ အလှဆင်ထားလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now