190[U&Z]

851 99 5
                                    

[Unicode]

နင်မုန့်က အထဲဝင်သွားလိုက်ပြီး ပွင့်ပွင့်လင်းလင်း ခနဲ့လိုက်သည် "နင့်ရဲ့ အပုပ်နံ့ကို ၈မိုင်လောက် အကွာတည်းက ရနေတာ။ အရှက်မရှိလွန်းတဲ့ နင့်အစား ငါ ဂုဏ်ယူပါတယ်"

လျူယင်းက သူမရဲ့ ခံစားချက်တွေကို မဖုံးကွယ်တော့ဘဲ ပုံစံအမှန်ကို ပြသလို့လာ၏ "မိန်းကလေးနင် နင်က နောက်ခံ တောင့်ရုံပါပဲ။ ပိုက်ဆံကလွဲပြီး ကျန်တာ ဘာရှိသေးလို့လဲ ဟမ်?"

အခုလောက်ထိ ကျိုးကြောင်းမရှိလှတဲ့ လူတစ်ယောက်ကို နင်မုန့်အနေနဲ့ ပထမဆုံး မြင်ဖူးတာ ဖြစ်ပေမယ့် သူမ ဒေါသမထွက်ခဲ့။

"ဒါပေမယ့် နင့်မှာတော့ အဲ့ပိုက်ဆံတောင် မရှိဘူးလေ"

"…"

ထိုအငြင်းပွားမှုက ကုမ္ပဏီက တစ်ယောက်ပြီး တစ်ယောက် ထွက်ကြည့်လာမိအောင် ဆွဲဆောင်လို့နေလေ၏။

လျူယင်းက သူမကိုယ် သူမ မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်လေသည် "ဟုတ်တယ် မှန်ပါတယ် လင်းချင်ပေ့ကို အကောင်းဆုံး ဂရုစိုက်ပေးပြီး အကြီးကြီးထောက်ပံ့ပေးနိုင်လောက်တဲ့အထိ နင့်မှာ ပိုက်ဆံရှိပါတယ်။ နင်က အဲ့လောက် အရမ်းဘက်လိုက်နေမှတော့ ငါ့အနေနဲ့ စာချုပ်ကို ဖျက်သိမ်းတာ ဘာမှားနေလို့လဲ?!"

အပြင်ဘက်တွင် အချင်းချင်း တီးတိုးပြောနေကြတဲ့ လူတွေကို နင်မုန့် သတိထားမိလေသည်။ သူမက လက်ပိုက်လိုက်ပြီး ရယ်သွမ်းလျက် "ဘက်လိုက်တယ်? အိုကေ ဒါဆို အခုပဲ ဒီနှစ်တွေအတွင်း နင့်အတွက် အသုံး‌ပြုပေးထားခဲ့တဲ့ ‌အထောက်အပံ့တွေကို အသေးစိတ် တွက်ချက်ကြတာပေါ့!"

သူမရဲ့ စကားပြောနှုန်းက အလောတကြီး ဗလုံးဗထွေးဖြစ်မနေဘဲ အဟုန်မှန်မှန်နှင့် သွားနေတာ ဖြစ်၏ "လွန်ခဲ့တဲ့ နှစ်ဝက်မှာ ကုမ္ပဏီကနေ နင့်ကို TV seriesတစ်ခု ဖြစ်တဲ့ 'Meteor Shower'ကားထဲမှာ အရန်ဇာတ်ရုပ်ပေးခဲ့တယ်။ အဲ့ကားက အနုပညာရှင် တော်တော်များများကို B-listထဲထိ ၀င်အောင် အောင်မြင်မှု ပေးနိုင်ခဲ့တဲ့အပြင် သူတို့ရဲ့  fanတွေကလည်း ၇သန်းကနေ ၈သန်းထိ တိုးလာခဲ့တယ်။ နင်ကတော့ ၂သန်းဘဲ တိုးလာခဲ့တာမို့ ကုမ္ပဏီကနေ နင့်အတွက် follower ၁သန်းကို ၀ယ်ပေးခဲ့ရတယ်"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now