145[U&Z]

2.1K 233 4
                                    

[Unicode]

ဗီလာကို လာမိသွားတယ်လို့ နင်မုန့် ထင်လိုက်တာမို့ တံခါးပြင် ပြန်ထွက်ပြီး သူမ နေရာမှားရောက်လာတာ ဟုတ် မဟုတ် စစ်ဆေးကြည့်လိုက်သည်။ ပြီးနောက်မှာတော့ အိမ်ထဲကို သံသယစိတ်တို့ဖြင့် ဝင်သွားလိုက်ကာ "ဘုရင်ကြီးချန် ဘာဖြစ်လို့ ဒီရောက်နေတာလဲ?"

ဟော်ပေ့ချန်ရဲ့ မျက်နှာက မည်းမှောင်လို့နေပြီး အေးစက်ဝေးကွာနေတဲ့ပုံ ပေါက်နေ၏။

သူမကို စိတ်မဆိုးတော့ပါဘူးလို့ သူ ပြောခဲ့ပြီးပြီလေ။ ဘာလို့များ သူမက သူ့ဆီကို ပြန်မပြောင်းလာရ သေးတာလဲ? တစ်ပတ်တောင် ရှိနေပြီ ဒါတောင်မှ သူ့ကို အဆက်အ‌သွယ်လေးတောင် မလုပ်ခဲ့ဘူး။

အခု သူကိုယ်တိုင် သူမကို တွေ့ဖို့လာနေတာတောင် သူမက သူဒီမှာ ရှိနေတဲ့ အကြောင်းအရင်းကို မေးနေသေးသည်။

သူမကို လာတွေ့ဖို့ သူက ဘာလို့ မရရမှာလဲ?

ဟော်ပေ့ချန် သူ့ရဲ့ necktieကို ဖြေလျော့လိုက်ပြီး သူမကို မျက်မှောင်ကြုပ်ကြည့်လိုက်သည်။ သူမရဲ့ လှပပြီး ညှို့အားကောင်းတဲ့ မျက်ဝန်းတွေနဲ့ ဆုံလိုက်ရတဲ့အခါ ဘာမှ ထပ်မပြောနိုင်တော့။ နောက်ဆုံးမှာတော့ သူ့ကိုယ်သူ တွန်းအားပေးကာ ပြောလိုက်သည်။ "လာစားတာ"

စားတာ?

နင်မုန့် ခနတာ ပြန်တွေးပြီးနောက်မှာတော့ တစ်စုံတခုကို သဘောပေါက်စွာနဲ့ ပြုံးလိုက်ကာ "အိုး! ကျွန်မ ရှင့်အတွက် ခေါက်ဆွဲတစ်ပွဲ ပြင်ပေးပါ့မယ်!"

သူမရဲ့ အင်္ကျီလက်တွေကို ခေါက်တင်လိုက်ပြီး မီးဖိုချောင်ဆီ လျှောက်သွားလိုက်သည်။

မီးဖိုချောင်ထဲ သူမ အလုပ်များနေတဲ့အခါ ဟော်ပေ့ချန်က အိမ်ထဲကို မျက်လုံးကစားလိုက်သည်။

အိမ်က ၃၀၀စတုရန်းပေရှိပြီး အိပ်ခန်းမှလွဲ တခြားအခန်းတွေက အဝတ်စားခန်းနှင့် ဆက်သွယ်ထားသည်။

ဧည့်ခန်းက ထင်းလင်းပြီး ကြမ်းပြင်ပေါ်မှာ ကောဇော ခင်းထားတာမို့ ခြေဗလာနှင့်ပင် လမ်းလျှောက်လို့ ရလေ၏။

အိမ်ရဲ့ အဓိကအရောင်က ပန်းရောင်နှင့် အဖြူရောင်ဖြစ်ပြီး အမျိုးသမီးငယ်လေး တစ်ယောက်အတွက် အခန်းတခန်းနှင့်တောင် တူနေလေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now