124[U&Z]

2.4K 288 5
                                    

[Unicode]

ကျန်းရှန့်မေက နင်မုန့်ကို ရယ်လိုက်ပြီး သူမရဲ့ လက်သည်းတွေကို နင်မုန့်ရဲ့ မျက်နှာဆီ ရွယ်လိုက်တော့၏!

ထိုအရာကို မြင်တဲ့အခါ နင်မုန့် မကူမကယ်နိုင်စွာပဲ မျက်မှောင်ကြုပ်မိသွားသည်။

ဒီမိန်းမက....အရမ်း နုံ အ တာပဲ!

နင်မုန့်က ပြန်ပြီး ခုခံဖို့ ပြင်လိုက်ရင်ပဲ ကျန်းရှန့်မေရဲ့ လက်တွေက လေထဲမှာတင် ရပ်တံ့သွားသည်။ အချိန်အတော် ကြာပြီးတဲ့နောက်မှာတော့ တုန်ခါနေတဲ့ လက်ကို အောက်ပြန်ချလိုက်ပြီး မျက်ရည်တို့ ပြည့်နေတဲ့ နီရဲရဲ မျက်‌လုံးတွေနဲ့ စူးရဲစွာ နင်မုန့်ကို ကြည့်လိုက်သည်။ ပြီးတဲ့အခါမှာတော့ သူမက တောင်းဆိုတဲ့ အသံနဲ့ ပြောလာလေ၏။ "ကျေးဇူးပြုပြီးတော့ပါ နင်မုန့်! နင်က ငါ့ idol ဟော်ပေ့ချန်ကိုလည်း လက်ထပ်ပြီးနှင့်နေပါပြီ! ပြီးတော့ အဲ့တာတင် မဟုတ်သေးဘူး နင့်မှာ လင်းချင်ပေ့လည်း ရှိသေးတယ်! နင် တခြား ဘယ်သူ့ကို ထပ်ပြီး ဝူး(အီစီကလီ)ချင်နေလဲဆိုတာ ငါ့ကိုပြောလိုက်? ငါက နင့်ရဲ့ အတောင်ပံတစ်ဖက် ဖြစ်ပေးမှာပဲ ဒါပေမယ့် ငါ့ရဲ့ လီဟောက်ကျယ်ကိုတော့ မထိလို့ ရနိုင်မလား?

ထိုသို့ ကြားလိုက်တဲ့အခါ နင်မုန့် နှလုံးသားကို ကြိုးနဲ့ စည်းနှောင်ထားသလို ခံစားလိုက်ရသည်။

ကျန်းရှန့်မေက အက်ကွဲနေတဲ့ အသံနဲ့ ဆက်ပြောလာသည်။ "ငါ ဘယ်တော့မှ နင်နဲ့ထပ်ပြီး နောက်ဆုံးပေါ် အိတ်ဒီဇိုင်းတွေ ရဖို့ မပြိုင်တော့ပါဘူး....မဟုတ်ဘူး! ငါ နင်နဲ့ နောက်ကို ဘာဆို ဘာမှကို ပြိုင်မနေတော့ပါဘူး! တကယ်လို့ နင်အရမ်း အနိုင်လိုချင်တယ် ဆိုရင်လည်း အကုန်လုံးကို နင့်ဆီပေးတယ်! ‌ဒါပေမယ့် ကျေးဇူးပြုပြီးပါ! ကျေးဇူးပြုပြီးတော့...ဒီတခုလေးပဲ ငါတောင်းဆိုတာပါ...လီဟောက်ကျယ်တော့ မဖြစ်ဘူး....ငါ့ရဲ့ လီဟောက်ကျယ်တော့ မရဘူး...!

ပြောနေရင်းမှ မျက်ရည်တို့က သူမ ပါးပြင်ထက် စီးကျလို့လာလေပြီး အချိန်မရွေး ပျက်စီးသွားနိုင်သည့် အလား ဖြစ်လို့နေသည်။

အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် မျက်ရည်တွေနဲ့ မစ္စကျန်းကို နင်မုန့် သတိပေးလိုက်သည်။ "ကျန်းရှန့်မေ နင့်စိတ်တွေကို ပြန်ကပ်ထားလို့ ရမလား? သေချာပေါက်တော့ အရင်တုန်းက...ငါ့အနေနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ပါတယ်။ ဒါကိုလည်း ငါဝန်ခံတယ်။ ဒါပေမယ့် ယောက်ျားတွေအပေါ် ငါ့အမြင်က ဒီထပ်ပိုပြီး ရည်မှန်းချက်ကြီးတာ မှတ်မိတယ်မလား? ဒါနဲ့များ ငါက ဘယ်လိုလုပ်ပြီး လီဟောက်ကျယ်လို လူကို စိတ်ဝင်စားရမှာလဲ?"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Wo Geschichten leben. Entdecke jetzt