130[U&Z]

2.2K 279 5
                                    

[Unicode]

သူမရဲ့ တိုက်ခန်းကို ပြန်ရောက်တဲ့အခါ နင်မုန့် ခံစားလိုက်ရသည်။

သူမ novelထဲကို စဝင်လာတဲ့အချိန်တည်းက ဒီနေရာမှာ ရက်အနည်းသာ နေခဲ့ရတာ ဖြစ်ပြီး ရှည်လျားတဲ့ ခံစားချက်တချို့ ရှိလို့နေ၏။

ပြန်ပြင်ထားတဲ့ ဧည့်ခန်းအသစ်က အခု ပိုပြီး နွေးထွေးပြီးတော့ ပေတစ်ရာ စတုရန်းပေရှိတဲ့ သူမရဲ့ အဝတ်အစားလဲခန်းကလည်း နာမည်ကြီး အိတ်တွေ အဝတ်အစားတို့နှင့် ပြည့်နေသည်။ ထိုအရာတွေကို မြင်လိုက်ရတဲ့အခါ သူမဘဝရဲ့ ထိပ်ဆုံးနေရာကို ရောက်နေသလို ခံစားလိုက်ရတော့၏။

သူမရဲ့ ကိုယ်ပိုင်အခန်းကို စစ်ဆေးပြီးသွားတဲ့အခါ ရေချိုးလိုက်ပြီး အိပ်ယာပေါ် လှဲကာ Weiboကို ကြည့်နေလိုက်သည်။ ထင်ထားတဲ့အတိုင်း #LiHaojieလမ်းခွဲလိုက်ပြီ# ဆိုတဲ့စာသားက ရှာဖွေမှုစာရင်းမှာ trendingဖြစ်နေလေ၏။ သူ့ အလုပ်အကိုင်အတွက် အထောက်အပံ့တွေကို လီဟောက်ကျယ်က ကျန်းရှန့်မေဆီမှ မှီခိုခဲ့ရတာဖြစ်သည်။ ထိုအထောက်အပံ့က သူ့ကို သီချင်းဖန်တီးတဲ့ အရာမှာပဲ အာရုံစိုက်နိုင်အောင် လုပ်ပေးနိုင်ခဲ့သည်။ သူတို့ရဲ့ relationshipကို လူထုဆီမှာ တရားဝင် ‌မကြေညာရသေးပေမယ့်လည်း လူတိုင်းသိကြလေ၏။ မလိုမုန်းထား လူတွေကသာ သူတို့ကို မောင်နှမဆက်ဆံရေးမျိုးသာ ရှိသည်ဟု စွပ်စွဲခဲ့ကြတာ ဖြစ်သည်။ ထိုအရာလည်း လီဟောက်ကျယ် အနေနဲ့ အောင်မြင်လာပြီး နောက်ပိုင်း ကျန်းရှန့်မေနဲ့ ပတ်သက်ပြီး စိတ်ဘဝင်မကျ ဖြစ်လာတဲ့ အချက်လည်း ဖြစ်လေသည်။

ဂျာနယ်လစ် တစ်ယောက်က သူ့နည်းသူ့ဟန်နဲ့ ပရိုဂရမ် chat groupထဲ ဝင်လာပြီး သတင်းအချို့ကို နှိုက်သွားခဲ့သည်။ ထိုအကြောင်းအရာကို အင်တာနက်ပေါ် တင်လိုက်တဲ့အခါ  Weiboတစ်ခုလုံး လှုပ်ခါလို့သွား၏။

#စုထျန်းထျန်းလီဟောက်ကျယ်# ဆိုတာကလည်း trending topicတစ်ခုဖြစ်လာပေမယ့် တစ်စုံတယောက်က အင်အားနဲ့ ရှင်းလင်းလိုက်တာ သိသာလှစွာပဲ အကြာကြီး trending ဖြစ်မနေလိုက်ပေ။

'Throne of Songs' အစီအစဉ် လွှင့်တုန်းက စုထျန်းထျန်းအတွက် လီဟောက်ကျယ် ကြိုးစားပေးခဲ့တဲ့ မဲတွေက မေးခွန်းမေးစရာ ဖြစ်လာလေ၏။ စုထျန်းထျန်း နဲ့ လီဟောက်ကျယ်တို့ရဲ့ သစ္စာရှိဖန်တွေကလွဲ လူတိုင်း ထိုကောလဟာလကို ယုံကြည်လာကြလေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Tahanan ng mga kuwento. Tumuklas ngayon