110[U&Z]

2.4K 298 2
                                    

[Unicode]

နင်မုန့် စိတ်လှုပ်ရှားလို့ သွားလေ၏။ သူက ဒီစာကြောင်း အဓိပ္ပာယ်ကို နားလည်တယ်ပေါ့? ဒါဆို အဓိပ္ပာယ်က သူလည်း သူမ လာခဲ့တဲ့ ကမ္ဘာကနေပဲ လာတဲ့လူ ဆိုတဲ့ သဘောပဲ မလား?

ဟော်ပေ့ချန်က ရှင်းရှင်းလင်းလင်း ပြောလာပြီဆိုမှတော့ နင်မုန့် အနေနဲ့ 'တစ်ရွာတည်းသားချင်း'လို ပြုမူဖို့ မလိုပေဘူးလား! ငါ အရမ်းစိတ်ထဲ ထိသွားပြီ!' ဒါဆို ဘယ်လိုတွေများ ဖြစ်သွားကြမလဲ?

သူမ လေထဲ တိုက်အိမ်ဆောက်နေစဉ် အတွင်းမှာပဲ ဟော်ပေ့ချန်ရဲ့ အိမ်စောင့်က သူမဆီကို WeChatကနေ စာပို့လာ၏။ : [ဘော့စ်က မဒမ် ကျောက်ပုစွန် စားချင်နေတာလား မသိဘူးဆိုပြီး ပြောလာလို့။ ညစာအတွက် လာပို့ပေးလိုက် ရမလား? ဒါမှမဟုတ် အကုန်ပြင်ဆင်ပြီးသွားတော့မှပဲ လာပို့ပေးရမလား]

"??"

ရှော့ရသွားရင်းပဲ နင်မုန့် ဟော်ပေ့ချန်နဲ့ chatboxကို ဖွင့်လိုက်သည်။

နင်မုန့် : [?]

ဟော်ပေ့ချန် : [?]

နင်မုန့် : [????]

ဟော်ပေ့ချန် : [ဘာဖြစ်လို့လဲ]

နင်မုန့် နောက်ဆုံးမေးလိုက်သည် : [အဲ့စာကြောင်း အဓိပ္ပာယ်ကို နားလည်လား]

ဟော်ပေ့ချန် : [မင်း ကျောက်ပုစွန် စားချင်တယ်လို့ ပြောတာ မဟုတ်လား]

"???"

မိန်းမောစွာ ဖုန်းကို ငေးကြည့်နေမိရင်းပဲ သူမ ခေါင်းထဲ မေးခွန်းများစွာ ပတ်ချာလည်နေ၏။ တခနကြာတဲ့အထိ သူမ စာမပြန်တဲ့အခါ တဖက်မှ စာထပ်ပို့လာ၏။

ဟော်ပေ့ချန် : [မဟုတ်ဘူးလား]

နင်မုန့် အလျင်အမြန်ပဲ စာပြန်လိုက်သည် : [ဟုတ်တယ် ဟုတ်တယ်]

ခနလောက် တွေးပြီးတဲ့အခါ နင်မုန့် အနေနဲ့ စိတ်မကျေနပ်သေးတာမို့ ဆက်လက်ပြီး စစ်ဆေးလိုက်သည်။

နင်မုန့် : [chick, you're too beautiful]
(A/N-ဂိမ်းနာမည်ပါ)

ဟော်ပေ့ချန်က ချက်ချင်း ဆိုသလို စာပြန်လာသည် : [ကြက်? ကြက်‌ပေါင်းလား ကြက်စွပ်ပြုပ်လား? အစေခံမှူးက ဘဲစွပ်ပြုပ် လုပ်ရင် ပိုကောင်းတာ]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Dove le storie prendono vita. Scoprilo ora