34[U&Z]

4.4K 559 7
                                    

[Unicode]

အခန်းအခြေအနေသည် လုံးဝကို တိတ်ဆိတ်သွားလေသည်တည့်။ ချီရှန်အပါအဝင် လူအားလုံးက လီရိချန်ရဲ့ ကိုယ်ပိုင်ဖြေရှင်းလိုက်ပုံကို မအံ့ဩပဲ မနေနိုင်ကြပေ။ နင်မုန့်ရဲ့ မျက်ခုံးတွေကတော့ မြင့်တက်လို့နေ၏။ သူမ ထိုလူအား မမုန်းပေ။

အခန်းက ခနကြာသည်အထိ တိတ်ဆိတ်နေပြီးနောက်တွင်တော့ ဟော်ပေ့ချန် မတ်တပ်ရပ်လာကာ လီရိချန် လက်မောင်းကို ကြည့်လိုက်သည်။ သူ့စိတ်ထဲ ဘာတွေရှိနေလဲဆိုတာ ဘယ်သူမှ အဖြေမထုတ်နိုင်ကြ။

"အခုအားလုံး အ‌ဆင်ပြေပြီ" ဟော်ပေ့ချန် ပြောလိုက်သည်။

ယခုအခါတော့ လီရိချန် သက်ပြင်းချလိုက်၏။ နာကျင်မှုကို အံတုနိုင်ပေမယ့် အခန်းထဲမှ ထွက်သွားဖို့ကိုတော့ သတ္တိ အတော် မွေးလိုက်ရသည်။

"အချစ်!" စုထျန်းထျန်း အော်လိုက်‌လေသည်။

စုထျန်းထျန်း သူ့နောက်သို့ လိုက်ရင်း လက်မောင်းကို ‌ဆွဲလိုက်သည့်အခါ လီရိချန်က နှစ်ခါတောင် မစဉ်းစားပဲ သူမကို အဝေးသို့ တွန်းထုတ်လိုက်လေ၏။

"ဘော့စ် သူက အကြင်နာကင်းတဲ့လူပဲ" နှစ်ယောက်လုံး ရုံးခန်းထဲမှ ထွက်သွား‌သောအခါ ချီရှန် ပြောလိုက်သည်။

"မဟုတ်ဘူး သူက ဝံ‌ပုလွေလို လူပဲ!"

"???"

"အကြင်နာကင်းမဲ့တာထက် နည်းနည်းပိုတယ်လို့ ပြောချင်တာ"

သူမစကားက အဓိပ္ပာယ်ရှိတယ်လို့ ချီရှန် ခံစားလိုက်ရသည်။

နင်မုန့် ထိုသို့ပြောအပြီးမှာပဲ တစ်ယောက်ယောက် စိုက်ကြည့်နေသလို ခံစားရတာမို့ လှည့်ကြည့်လိုက်တဲ့အခါ သူမကိုကြည့်နေသော ဟော်ပေ့ချန်နှင့် သွားတိုးလေ၏။

"ဒါပေမယ့် သူ့ဘာသူ ဘယ်လောက်ပဲ အားကြီးနေပါစေ ကျွန်မ ယောက်ျားရဲ့ အားက သူ့ထက်ကြီးတယ်! မျက်လုံးတွေကလည်း သူ့ထက်ကြီးတယ် နှာတံကလည်း သူ့ထက်ရှည်တယ်! နှုတ်ခမ်းတွေကလည်း ပိုနူးညံ့တယ်! ကျွန်မ အချစ်တွေ ရှင့်ဆီပုံအပ်ပြီးသွားတည်းက တခြားယောက်ျားတွေက ကျွန်မ အတွက်တော့ ဖွဲနဲ့စကွဲပဲ!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now