18[Z&U]

5.1K 659 12
                                    

[Zawgyi]

နောက်တခေါက် ထပ်ပြော

နင်မုန့် ခန္ဓာကိုယ်သည် တောင့်တင်းသွား၏။ စစချင်းက သူမ ထင်ခဲ့တဲ့ ချီရှန်ဆိုသူက ဟော်ပေ့ချန် အနောက်ကသာ အမြဲကပ်လိုက်နေရသော အသုံးမကျသောသူ သာသာဟု။ သူမ သေချာပေါက် ပိုက်‌ကို လုံလုံခြုံခြုံ ဖုံးထားခဲ့တာတောင် ရှာ‌တွေ့နိုင်သေးတယ်။ ချီရှန်ကသာ အခုလို စေ့စေ့စပ်စပ်လိုက်ကြည့်တတ်သူမှန်းသိရင် သူမ အစတည်းက အဲ့ပိုက်ကို လွှင့်ပစ်လိုက်ပါတယ်။ ဟော်ပေ့ချန်က သူမကို စိုက်၍သာ ကြည့်နေဆဲဖြစ်တာမို့ နင်မုန့် စိတ်မသက်မသာ ဖြစ်လာရသည်။

"ကျွန်မ…"

နင်မုန့် ရှင်းပြချင်ပေမယ့်လည်း ချီရှန်က ကြားဖြတ်ပြောလာလေသည်။

"နင်မုန့် နင်က ငါ့ ဘော့စ် နဲ့ တမိုးအောက်ထဲမှာ နေနိုင်ဖို့အရေး နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာပါလား။ နင့်ကိုယ်နင် အရင်ဆုံး မှန်ထဲကို ကြည့်ပြီး ဆန်းစစ်သင့်တယ်။ ငါ့သူဌေးက တကယ်ပဲ နင့်လိုမိန်းမကို မျက်စိကျမယ် ထင်နေတာလား။ နင် ဒီလုပ်ရပ်တွေကို မလုပ်တော့တာ ၂နှစ်‌တောင် ရှိနေပြီကို အခု ထပ်လုပ်မယ်လို့ ‌ဆုံးဖြတ်လိုက်ပြန်ပြီလား"

အစပိုင်းမှာ ဒီမိန်းမက ဟော်ပေ့ချန်နှင့် အတူနေဖို့ ဆန္ဒရှိခဲ့သည်။ ဒ့ါအပြင် ဟော်ပေ့ချန်လို နောက်ခံအင်အားတောင့်သော လူကို ရှာဖို့ရာလည်း ခဲယဉ်း‌သည်လေ။ ဟော်ပေ့ချန်ရဲ့ အိမ်တွင် ခိုကပ်နေဖို့ရာအတွက် မေ့လဲချင်ယောင်ဆောင်ခြင်းတွေ သူမကိုယ်သူမ ထိခိုက်အောင် ဆေးသောက်ခြင်း အစရှိတဲ့ စက်ဆုပ်ဖွယ်နည်းလမ်းများ အသုံးပြုခဲ့လေသည်။ သို့ပေမယ့်လည်း အဆုံးတွင်တော့ အိမ်မှကန်ထုတ်ခံလိုက်ရလေသည်။ ဒါကြောင့်လည်း သူမဘက်မှ အသဲအသန် ကွာရှင်းချင်နေရခြင်း ဖြစ်လေ၏။

သူမကို တန်ဖိုးမဲ့စွာပြောနေသော ချီရှန် စကားကြောင့် နင်မုန့် ဒေါသတို့ ဆူပွက်လာသည်။ သူမ ဘယ်နေရာများ ချို့ယွင်းနေမိလဲဆိုတာ ကိုယ်တိုင်တောင် စဉ်းစားမရ။ သူမက အသားဖြူဖြူ ခြေတံရှည်ပြီး လှပတဲ့မျက်နှာလေးပါ ပိုင်ဆိုင်ထားတဲ့ လူပါ။ ဒါနဲ့များ ဘာလို့ ဟော်ပေ့ချန်က သူမကို မချစ်မိရတာလဲ။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now