69[U&Z]

3.6K 450 7
                                    

[Unicode]

စုထျန်းထျန်းနဲ့ စကားပြောနေရင်း သူမ အဖေ ဒေါသထွက်လွန်းပြီး သေသွားမှာလည်း စိုးရိမ်သည်မို့ ဖုန်းချပြီးတဲ့‌နောက် နင်မုန့် ကားယူရန် အမြန် အပြင်ထွက်လိုက်သည်။

နင် စံအိမ် နဲ့ ဟော်ပေ့ချန်ရဲ့ အိမ်က အရမ်းမဝေးတာမို့ ၁၀မိနစ်မောင်းလိုက်ရုံနဲ့ အဖေဖြစ်သူ အိမ်သို့ ရောက်သွားသည်။

ကားကို ရပ်ပြီးနောက်မှာ အိမ်ထဲကို တချက် နင်မုန့် ကြည့်လိုက်သည်။ စံအိမ်က သုံးထပ်အိမ်ဖြစ်ပြီး အိမ်ရှေ့မြက်ခင်းကိုတော့ ဥယျာဉ်ကဲ့သို့ မွမ်းမံထားသည်။ နင်စံအိမ်က လူတစ်ယောက် အိမ်ရှေ့ကို ခြေနင်းလိုက်ရုံနဲ့ စိတ်နှလုံးကို နွေးထွေးမှုပေးနိုင်တဲ့ ယာတောအိမ်လေးနှင့် တူနေလေသည်။

နင်မုန့် အဆောက်အဉီးထဲသို့ အလျင်အမြန်ဝင်ကာ ဧည့်ခန်းထဲသို့ လျှောက်သွားလိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် နင်ဝမ့်ထောင်က သူ့ရှေ့မှာ ရပ်နေ‌တဲ့ စုထျန်းထျန်းကို ခက်ထန်တဲ့ အကြည့်တို့နှင့် ဆိုဖာပေါ်မှ ကြည့်နေလေ၏။

"ကျွန်မ တောင်းပန်ပါတယ် အန်ကယ်။ ဒါ ကျွန်မရဲ့ အကြံဉာဏ် မဟုတ်ပါဘူး။ အဲ့ဒါ ထုတ်လုပ်ရေး အဖွဲ့က လုပ်လိုက်တာပါ...သူတို့က ရုံတင်ပြမယ့်ရက်ကို အနည်းငယ် တိုးချင်တယ်လို့ ပြောလာလို့ပါ"

လက်ထဲမှ ဖန်ခွက်ကို ကော်ဖီစားပွဲပေါ်သို့ အားပြင်းပြင်းဖြင့် တင်လိုက်ရင်း နင်ဝမ့်ထောင်က ဒေါသတကြီး ပြောလိုက်သည်။ "နင်က ငါ့အပေါ် အခုလို ပြက်ရယ်ပြုရဲတယ်ပေါ့! ဒီရုပ်ရှင်ထဲ နင့်ပိုက်ဆံတွေ ရင်းနှီးခဲ့တာ ငါ မသိဘူးလို့များ ထင်နေတာလား။ နင်က 'The Hero'ရဲ့ အဓိက သရုပ်ဆောင်ဖြစ်ပြီးတော့ အကြီးဆုံး ရင်းနှီးမြှုပ်နှံထားတဲ့လူပဲ။ ရုံပြမယ့် ရက်ကို နင့်ဘက်က နည်းနည်းလေးမှ ပြောလို့ မရဘူးဆိုတာတော့ ငါမယုံဘူး!"

"မဟုတ်ပါဘူး အန်ကယ်။ အဲ့ဒါ ကျွန်မရဲ့ ပိုက်ဆံတွေ မဟုတ်ပါဘူး မစ္စတာလီရဲ့ ပိုက်ဆံတွေပါ။ တကယ်လို့ သူသာ စိတ်ဆုံးဖြတ်လိုက်ရင် ကျွန်မဘက်က ဘယ်တော့မှ ပြောင်းလဲလို့ ရမှာ မဟုတ်ဘူး" စုထျန်းထျန်းက မျက်ရည်ဝဲနေသည့် အကြည့်တို့နှင့် တုံ့ပြန်လိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now