92[U&Z]

3.1K 428 26
                                    

[Unicode]

“…”

‘ဒီအတိုင်းလေး မသိချင်ယောင်ဆောင်ပြီးပဲ ပြီးသွားလို့ မရဘူးလား'

ဒီနေ့ ဟော်ပေ့ချန်က သာမန်လူတွေနဲ့ အချိန်ကုန်ဆုံးဖို့ ဆန္ဒရှိနေတယ်ဆိုမှတော့ သူမလည်း သတ္တိရှိနေဖို့ လိုတယ်။

"ဂိမ်းထဲမှာ စုံတွဲဖြစ်ခဲ့ရုံပါ ဒါပေမယ့် သူနဲ့ လမ်းခွဲပြီးသွားပြီ။ ဘယ်သူက ထင်ထားမှာလဲ သူက ဟန်မေလင်းရဲ့တူလို့....."

အခြေအနေကို ရှင်းပြနေရင်းပဲ ဟော်ပေ့ချန်ကို နင်မုန့် ခိုးကြည့်လိုက်သည် ပြီးနောက်မှာတော့ ပွင့်ပွင့်လင်းလင်း ဆက်ပြောလိုက်သည်။ "စိတ်မပူပါနဲ့ သူနဲ့ ကျွန်မကြား ရုပ်ပိုင်းဆိုင်ရာ ဘာထိတွေ့မှုမှ မရှိဘူး။ ပြီးတော့ ကျွန်မက လက်ထပ်ပြီးသားဆိုတာ အချိန်ကောင်းစောင့်ပြီးတာနဲ့ ပြောပြမှာပါ"

ထိုသို့ ကြားတဲ့အခါ ဟော်ပေ့ချန်ရဲ့ မျက်လုံးတို့က အနည်းငယ် လှုပ်ရှားသွားသည်။

သူမက တလဲ့လဲ့တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ကြည့်လိုက်ပြီး "ရှင့်ကိုကြည့်လေ ယောက်ျားရဲ့! ရှင်က အရမ်း ကြည့်ကောင်း ဆွဲဆောင်မှုရှိပြီးတော့ ဘယ်အရာမဆို လုပ်နိုင်စွမ်းကလည်း ရှိတယ်။ ပြီးတော့ ဂိမ်းဆော့တဲ့နေရာမှာလည်း မယုံနိုင်စရာလောက်အောင်ကို တော်တယ်! ရှင့်မှာ အားနည်းချက်ဆိုလို့ တစ်ခုပဲ ရှိတယ်လို့ ထင်တယ်"

ထိုသို့ ကြားတဲ့အခါ ဟော်ပေ့ချန် စိတ်မသက်မသာ ဖြစ်သွားရ၏။ "အဲ့ဒါ ဘာလဲ"

"ရှင့်အားနည်းချက်က...ကျွန်မပဲလေ"

နင်မုန့်က ကျီစယ်တဲ့ စကားလုံးတွေကို သမာရိုးကျ ပြောလိုက်တာဆိုပေမယ့် ဆက်ဆံရေးတစ်ခုကို အတည်မှတ်ထားတဲ့ ဘယ်ယောက်ျားမဆို ဒီစကားလုံးတွေက သူတို့ရဲ့ နှလုံးသားကို တုန်ခါစေဖို့ လုံလောက်လေသည်။ ထိုစကားတွေ ပြောပြီးတဲ့အခါ ရှက်လာသလို ခံစားရတာမို့ သူမ အလျင်အမြန်ပဲ အဝေးကိုကြည့်လိုက်သည်။

ထိုအချိန်မှာပဲ သူမရဲ့ ဖုန်းက တုန်ခါလာသည်။ သူမဆီကို ဆုတောင်းစာ တစ်စောင် ရောက်လာတာဖြစ်လေ၏။ 'ဆောင်းဦးအလယ်ပွဲနေ့မှာ ပျော်ရွှင်ပါစေ'

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Onde histórias criam vida. Descubra agora