Part (( 24 ))

13.3K 1.1K 42
                                    

Unicode

Jungkookအခန်းထဲကိုဝင်လာတော့ Taeကစားပွဲခုံနားတွင် စာရွက်တွေဟိုလှန်ဒီလှန်ဖြင့်ဖုန်းပြောနေသည်။

သူလည်းအနှောက်အယှက်ဖြစ်မှာစိုးတာကြောင့် ခုတင်ပေါ်တွင်ထိုင်ရင်းTaeဖုန်းပြောတာကိုစောင့်ကြည့်နေလိုက်သည်။

Namjoon hyungသတိမရသေးသည်မှာ တစ်လကျော်ရှိပြီဖြစ်သည်။ Hyungလည်းမရှိရော အထိန်းအချုပ်မဲ့သွားသည့်ကုမ္ပဏီကြီးဟာ ရှယ်ယာတွေချက်ချင်းပင်ထိုးကျကုန်ပြီး သစ္စာဖောက်ငမိုက်သား ငွေကြေးစီမံမန်နေဂျာကကုမ္ပဏီရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်သွားပြီး ထွက်ပြေးသွားတာကြောင့်ကုမ္ပဏီကအခုအခွန်ကိစ္စတွေနှင့်ပါတရားရင်ဆိုင်နေရသည့်အခြေအနေ။

Taehyungမှာရုပ်သံဌာနဘက်သို့ ခြေဦးတောင်မလှည့်အားတော့။ Appaလက်ထပ်ကတည်းကယုံကြည်အားကိုးခဲ့ရသည့် အခုလက်ရှိမန်နေဂျင်းဒါရိုက်တာဂင်ကို Joon Hyungအစားယာယီဥက္ကဌလက်လွှဲနေရာယူစေရင်း သူကတော့ကုမ္ပဏီရဲ့ဆက်ခံသူပြောရေးဆိုခွင့်ရှိသူအနေနှင့် အဖက်ဖက်ကကူညီနေရသည်။

Jin hyungကလည်းသူ့ကုမ္ပဏီကတစ်ဖက် Joon hyungရဲ့ကျန်းမာရေးကတစ်ဖက်ဆိုတော့ သူ့မှာတအားအပူမကပ်ချင်။

တစ်နေ့တစ်နေ့အရင်လို သတင်းဌာနသို့မသွားနိုင်တော့။ တရားရုံးနှင့်ရဲစခန်းကိုကိုယ့်အိမ်ကိုယ့်ယာလိုဝင်ထွက်နေရသည်။ လျော့ကျကုန်သည့်ရှယ်ယာတွေအတွက်လည်း အပတ်တိုင်းရှယ်ယာရှင်အစည်းအဝေးပွဲတက်ကာကုမ္ပဏီအတွက်အဖက်ဆယ်နိုင်ရန်ကြိုးစားနေရသည်ကမလွယ်ကူလှ။

အခုလည်း ယိုင်နဲ့နေသည့်ကုမ္ပဏီအခြေအနေကြောင့် ရင်းနှီးမြုပ်နှံမည့်လုပ်ငန်းပါတနာတွေကလည်းအသီးသစာချုပ်တွေဖျက်သိမ်းကုန်လို့သူ့မှာ ဒေါသထွက်နေရသည်။ ကုမ္ပဏီရဲ့အခြေအနေကိုသူသိပေမဲ့ အစကတည်းကမယုံကြည်ရင်လက်မတွဲကြနဲ့ပေါ့။ ကုမ္ပဏီကအခုလိုအခြေအနေလည်းရောက်ရော လက်တွဲဖြုတ်ကြတာတဲ့လား။ တရားကျစရာတွေ။

"ဟုတ်ကဲ့ ဦးလေဂင်။ TKနဲ့သဘက်ခါစာချုပ်ချုပ်ဖို့ရှိတာ မနက်ဖြန်ညနေTKဥက္ကဌနဲ့တွေ့ဖို့စီစဉ်ပေးပါ ဦးလေးဂင်သွားတွေ့ရင်ကျွန်တော်ပါလိုက်ခဲ့လိုက်မယ်"

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now