Part (( 5 ))

16.2K 1.4K 58
                                    

Unicode

Namjoon hyungနှင့်ညစာတူတူစားကြပြီး အသောက်အစားလေးပါနည်းနည်းပါသည်မလို့ အရက်မကြိုက်သည့်မောင်ဟာနှစ်ခွက်လောက်သောက်ရုံနှင့်ရီဝေဝေဖြစ်နေရှာပြီဖြစ်သည်။

မောင်ဟာလူငယ်တစ်ယောက် ဖြစ်ပေမဲ့အပျော်အပါးတအားမမက်။ အပေါင်းအသင်းလည်းမမက်။ သူနှင့်စတွဲခဲ့သည့်အထက်တန်းဒုတိယနှစ်ကတည်းကစာသာတစိုက်မတ်မတ်လုပ်လာသည့်ထူးချွန်ကျောင်းသားလေးမို့ စာကလွဲပြီးကျန်းမာရေး လူမှုရေး အပျော်အပါးနှင့်ကျန်တာဘာမှဂရုမစိုက်။

အခုတက္ကသိုလ်ရောက်ပြန်တော့လည်း အရင်အတိုင်းအေးစက်စက်သာ။ သူနှင့်လက်ထပ်တော့လည်း မောင့်ကျောင်းကလူတွေမသိတဲ့သူမရှိ။ မောင့်လိုငယ်ရွယ်ပြီး ပညာရေးတက်လမ်းအတွက်ကြိုးစားနေသူတစ်ယောက်အဖို့ သူ့အနေနဲ့မောင်လက်ထပ်ထားသည်ကို စောစောကြိုအသိမပေးချင်သေးပေမဲ့ မောင်ပြန်ပြောခဲ့သည့်စကားတစ်ခွန်းကြောင့်Taehyungနှလုံးသားလေးနွေးထွေးစွာခုန်ခဲ့ရပါသေးသည်။

"မောင့်မှာပိုင်ရှင်ရှိတယ်လို့သိစေချင်တဲ့ သဘောပါပဲTaeရာ မဟုတ်ရင်မောင်ကလူပျိုလူလွတ်တစ်ယောက်ဆိုပြီးလာပက်သက်ကြတဲ့ဆက်ဆံရေးမျိုးတွေရှိလာခဲ့ရင် Taeစိတ်အနှောက်အယှက်ဖြစ်ပြီးပူပန်နေရမှာမျိုးမောင်မဖြစ်စေချင်ပါဘူး"

မောင်ဟာအနေအေးတည်တံပေမဲ့ သူတစ်ပါးအပေါ်တော့ဘယ်တော့မှမရိုင်းစိုင်း။ တစ်ဦးတည်းသောသားဖြစ်ပေမဲ့ မောက်မာခြင်းအတ္တကြီခြင်းမျိုးမရှိ။ Taeချစ်ရတဲ့မောင်ဟာ ထိုကဲ့သို့သောအမျိုးသားကောင်းလေးတစ်ယောက်။
-
-
-
-
-
ရီဝေဝေဖြစ်နေသည့်မောင့်ကြောင့် အပြန်ကိုသူပဲကားမောင်းပြန်ခဲ့ရသည်။ အိမ်ပြန်ရောက်တော့လည်း ကားပေါ်ကနေဒယိမ်းဒယိုင်ဆင်းသွားသည့်မောင့်ကြောင့်သူ့မှာကားစက်အမြန်သတ်ပြီးပြေးတွဲရသေးသည်။

"မောင်ရယ် နှစ်ခွက်လောက်နဲ့တော်တော်ကိုဖြစ်ပျက်နေပါရောလား"

"ရတယ်Tae မောင်မမူးပါဘူးနည်းနည်းပဲသောက်ခဲ့တာပါ"

လူကမမူးဘူးသာပြောတာ မျက်လုံးစင်းနေပြီ။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Onde histórias criam vida. Descubra agora