Part (( 33 ))

13.5K 1K 42
                                    

Unicode

"Haeyoon sii??"

"Nae စီနီယာ"

Taehyungလုံးဝမထင်ထားခဲ့ပါ။ Haeyoonကသားရဲ့ရိုးတွင်းခြင်ဆီအလှုရှင်ဖြစ်နေလိမ့်မယ်လို့တကယ်ကိုမထင်ထားခဲ့တာပါ။

"Haeyoon siiကဘယ်လို?? "

ဒီနှစ်တွေအတွင်းHaeyoonကနိုင်ငံတကာရုပ်သံဌာနဖက်သို့ပြောင်းသွားရတော့ ဌာနမတူတော့Taehyungတို့နှင့်လဲမတွေ့ဖြစ်ကြတော့။ သားအတွက်ဆေးစစ်ကြတုန်းကလဲTaehyungရှိသည့်ပြည်တွင်းရုပ်သံဌာနကသူတွေကိုပဲစစ်ခဲ့တာကြောင့်Haeyoonကဌာနမတူတော့ပါမည်မဟုတ်။ 

"ကျွန်မမှတ်မိသေးတယ် စီနီယာအဲ့နေ့ကပေးလိုက်တဲ့သတင်းကြောင့်ကျွန်မဌာနမှုးဆီကဘယ်လိုအသိအမှတ်ပြုခံခဲ့ပြီး ဘယ်လိုနေရာရလာခဲ့ရသလဲ တရားဝင်ဝန်းထမ်းဖြစ်လာခဲ့တာတွေ နောက်ပိုင်းစီနီယာရဲ့အကူအညီတွေကကျွန်မတက်လမ်းအတွက် ဘယ်လိုအားဖြစ်စေခဲ့သလဲဆိုတာကျွန်မအမြဲကျေးဇူးတင်နေခဲ့တာပါ "

"မဟုတ်တာ Haeyoon siiကိုယ်တိုင်ကတကယ်ကိုကြိုးစားခဲ့တာပါ"

"ဌာနမှုးဆီကနေစီနီယာရဲ့သားလေးသတင်းကြားလို့ပါ အကယ်၍များကျွန်မနဲ့ကိုက်ညီနေခဲ့ရင်ဆိုပြီးတစ်နည်းနည်းနဲ့စီနီယာအပေါ်ကျေးဇူးဆပ်ချင်ခဲ့တာပါ "

Haeyoonကအခုဆိုထက်မြက်သွက်လက်ပြီး အောင်မြင်တဲ့သတင်းကြေငြာသူတစ်ဦးဖြစ်နေပြီလေ။ Taehyungသဘောကျစွာပြုံးမိပါသည်။

"ကျေးဇူးတင်ပါတယ်Haeyoon sii...ကျွန်တော်ကလဲပြန်ပြီးကျေးဇူးတင်ပါတယ်ကျွန်တော့်သားလေးအတွက်"

ဆေးရုံကိုHaeyoonရောက်လာပြီး Wonလေးရဲ့အစားထိုးကုသမှုအတွက်လိုအပ်သည့်တိုင်ပင်ဆွေးနွေးမှုတွေကိုYoongi hyungနဲ့တစ်ပတ်လောက်အချိန်သေချာယူပြီးစီစဉ်ကြရသည်။

နောက်တစ်ပတ်ထဲဆိုသားရဲ့ရိုးတွင်းခြင်ဆီအစားထိုးကုသမှုစတော့မည်ဖြစ်သည်။ သားလဲအရင်လိုအစာပြန်စားနိုင်လာတာကြောင့်အနည်းငယ်ပြန်ပြည့်လာသည်။ ကုသမှုကတော့နှစ်ပတ်တစ်ကြိမ် ခံယူရဆဲဖြစ်ပေမဲ့ အရင်လိုတအားကြီးဂျီမကျတော့။ ပုံမှန်ကလေးတွေလိုပြေးနိုင်သွားနိုင်ဆော့နိုင်နေပြီဖြစ်သည်။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now