Part (( 8 ))

15K 1.4K 48
                                    

Unicode

Taehyungသတိရလာတော့ ဆေးခန်းအခန်းတစ်ခုလို့ယူဆရသည့်အခန်းတစ်ခန်းကကုတင်ပေါ်သို့ရောက်နေသည်။ သူမေ့လဲသွားခဲ့တာပဲ။ တကယ်ပဲဘာဖြစ်သွားပါလိမ့်?

Kang Hoကဆေးခန်းသို့ပို့ပေးခဲ့ဟန်တူသည်။

သူနိုးလာပြီးအခန်းထဲအကဲခတ်နေစဉ် အခန်းထဲသ်ု့ဝင်လာသည့်Bogum hyungနှင့်ဆရာဝန်မလေးတစ်ယောက်။

"အော် Taehyungie နိုးပြီလား? "

"Nae hyung"

Bogum hyungကလည်းတည်းဖြတ်အဖွဲ့မှာပါသည်မလို့ဒီခရီးစဉ်တွင်ပါလာခဲ့သည်။

"ဘယ်လိုဖြစ်တာလဲTaehyungရယ် အခုရောသက်သာရဲ့လား? စောစောကဆေးတော့သွင်းထားတယ်။ Kang HoကTae Taeမေ့လဲသွားလို့ဆေးခန်းရောက်နေတယ်ဆိုပြီးဖုန်းဆက်တုန်းက Hyungလန့်သွားတာပဲ"

"စိတ်ပူစေမိလို့တောင်းပန်ပါတယ်Hyung ကျွန်တော်လဲရုတ်တရက်ဘာဖြစ်သွားမှန်းမသိလိုက်ဘူး"

ခရီးစဉ်တစ်လျှောက်Taehyungနှင့်အရင်းနှီးဆုံးအသိဆိုလို့Bogum hyungပဲရှိသည်မလို့Kang Hoကhyungကို အားကိုးတကြီးလှမ်းအကြောင်းကြားခဲ့ဟန်တူသည်။ ဟုတ်သားပဲ ရုတ်တရက်ကြီးဆိုတော့သူလဲတော်တော်လန့်သွားမှာ။

ထိုစဉ်ဆရာဝန်မလေးက သူရဲ့ဆေးစစ်ချက်အဖြေလွှာစာရွက်လို့ထင်ရသည့်ဖိုင်လေးကိုကိုင်ကာ ပြုံးပြုံးလေးစကားစလာသည်။

"Jeon Taehyung sii ဆေးစစ်ချက်လေးတွေရပါပြီနော်"

"အာဟုတ်သားပဲ ဒေါက်တာTaehyungဘာဖြစ်သွားတာလဲ? တစ်ခုခုဖြစ်လို့လား?"

Bogum hyungကပါအခုမှသတိဝင်လာသူလိုဝင်မေးသည်။

"ဒီကအစ်ကိုက လူနာနဲ့ဘာတော်လဲမသိဘူးရှင့်? လူနာရဲ့အမျိုးသားလား?"

"မဟုတ်ပါဘူး ကျွန်တော့်ညီလေးပါ...ဘာများဖြစ်လို့လဲဒေါက်တာ?"

မပြောနိုင်သေးဘဲ တစ်ခုပြီးတစ်ခုမေးနေသည့်ဒေါက်တာမလေးကြောင့်Taeရော Bogumပါရင်တုန်ပန်းတုန်ဖြစ်လာရသည်။ သူ့မှာကုမရတဲ့ရောဂါတွေဘာတွေများဖြစ်နေလို့လား?

"အာ Nae... ဒါဆိုရင်Taehyung siiဂုဏ်ယူပါတယ်ရှင် ရှင့်မှာကိုယ်ဝန်ရှိနေတာပါ"

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now