Part (( 16 ))

14.2K 1.2K 33
                                    

Unicode

Taehyungကုမ္ပဏီသို့ရောက်တော့ အဖွဲ့မှုးကMeeting roomသို့လာဖို့ခေါ်တာကြောင့် ရောက်ရောက်ချင်းအစည်းအဝေးခန်းသို့ပြေးရသေးသည်။

အခန်းထဲသို့ဝင်သွားလိုက်တော့ အဖွဲ့မှုးနှင့်အတူထိုင်နေသူက Joon hyungပင်။

"Hyung! "

"Aigoo ငါတို့ကလေးလေးရောက်ပြီလား?"

"Nae...hyungကဒီကိုဘာကိစ္စလဲ?"

"ဥက္ကဌက Taehyung siiကိုကိုယ်ဝန်အတွက် နားပေးဖို့ကိစ္စလာဆွေးနွေးနေတာပါ"

"အာ Hyungကလည်းကျွန်တော်ကအဆင်ပြေနေသေးတာကို"

"အမလေး Taeလေးကအဆင်ပြေပေမဲ့ဘေးကလူတွေကမြင်ရတာအဆင်မပြေဘူးလေ။ Jungkookအတွက်လည်းထည့်စဉ်းစားပေးလိုက်အုံးလေအငယ်လေးရဲ့ သူ့ခမျာဘယ်လောက်တောင်စိတ်ပူနေလိုက်ရမလဲ?"

"မောင်ကHyungကိုပြောတာလား?"

"ဟုတ်ပဗျာ။ သူပြောလို့မရလို့ Hyungကိုကူပြောပေးပါအုံးဆိုလို့ "

"ဟွန်း ...မဟုတ်ရင်တောင်ကျွန်တော်ဒီတစ်လပြီးရင်နားတော့မလို့ကို"

"နားတာက နားလိုက်လို့ရပါပြီ။ ပစ္စည်းတွေကိုတော့ကုမ္ပဏီကပဲသိမ်းဆည်းထားလိုက်ပါမယ်။ ဒါပေမဲ့နောက်တစ်ပတ်ထဲ ဂျယ်ဂျူမှာ အမတ်မင်းကတော်ရဲ့မွေးနေ့ပွဲပါတီရှိတာလေ။ အဲ့တာသတင်းထောက်တွေထဲမှာအင်တာဗျူးဖို့ကို အမတ်မင်းကတော်ကTaehyung siiကိုပဲလာစေချင်နေတယ်။ ဟိုတခေါက်ဝန်ကြီးချုပ်ကတော်ရဲ့အင်တာဗျူးကတည်းက Taehyung siiကိုသဘောကျတာလို့ပြောတယ် အဲ့တာTaehyung siiဘယ်လိုလုပ်ချင်လဲ? အဆင်မပြေရင်တော့ ကျွန်တော်တို့အခြားတစ်ယောက်စီစဉ်ပေးလိုက်ပါ့မယ်"

အဖွဲ့မှုးပြောလိုက်တော့ Hyungကပါသူ့ကိုကြည့်လာသည်။ အမှန်တော့ ဂန်ဟွာမှာကတည်းက ထိုအမတ်မင်းကတော်နှင့်Taehyungကရင်းနှီးခဲ့ပြီးဖြစ်သည်။

သဘောကောင်းဖော်ရွေလှသည့် အမတ်မင်းကတော်ကလည်းသူ့ကို သားတစ်ယောက်လိုခင်တွယ်ခဲ့ကာစကားစမြည်ပြောလောက်တဲ့အထိသိကျွမ်းနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သူ့မှာ ငြင်းရအခက်။

"ဂျယ်ဂျူထိဆို Taeလေးအတွက်သွားဖို့ကအဆင်တော့မပြေဘူးပဲ"

"မဟုတ်တာ။ ကျွန်တော်သွားလိုက်ပါ့မယ်။ အဲ့ကပြန်လာမှပဲ နားလိုက်ပါတော့မယ်"

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now