Part (( 18 ))

14.8K 1.2K 56
                                    

Unicode

ဘာလိုလိုနှင့်Juwonလေးကို မွေးဖို့ရက်ပိုင်းသာလိုတော့သည်။ Taeလည်းဆေးရုံကြိုတက်နေပြီဖြစ်ကာ နေ့ခင်းဘက်တွေဆိုရင်တော့Jin hyungနှင့်Ommoniလာဆေးရုံလာစောင့်ပေးရှာသည်။ ညဘက်ဆိုရင်တော့ Jungkook စောင့် သည်။

Ommoniကတော့ မွေးဖို့ရက်နီးလာလေTaeအနားကမခွာချင်တော့လေဖြစ်သည်။ မမွေးသေးတဲ့မြေးဦးကို အခုတည်းကသည်းသည်းလှုပ်နေသည်။

မွေးရက်ကနီးလာပြီမလို့ ကလေးကအလှည့်အပြောင်းလုပ်သည့်အကြိမ်အရေအတွက်က စိပ်လာသည်။ ထိုအချိန်ဆိုTaehyungမှာခုတင်ပေါ်တွင်လူးလိမ့်နေအောင်ခံစားရသည်။

တစ်နာရီခြားတစ်ခါလောက် ဗိုက်နာသည့်အကြိမ်အရေကလည်းစိပ်လာသည်။အခုလည်း ဗိုက်နာလို့တအိအိဖြင့်ခုတင်ပေါ်တွင်ညည်းနေသည့်TaeကိုJin Hyungကလက်လေးကိုကိုင်ကာ ဆံပင်သပ်ပေးရင်းချော့နေရှာသည်။

သူကတော့ခုတင်ခြေရင်းတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း Taeဆီမှညည်းသံလေးတစ်ချက်ထွက်လာလျှင်ခြေမကိုင်မိလက်မကိုင်မိ။ ထို့နောက်အခန်းထောင့်တွင်ထိုင်နေသည့် Ommaကသူ့ဆီလျှောက်လာကာ

"Taeလေးအနားသွားနေပေးလိုက်လေJungkookie ဒီလိုအချိန်မှာကိုယ်ဝန်ဆောင်တွေအတွက် အလိုအပ်ဆုံးကလင်ယောကျာ်းပဲ သွား သွား ကလေးနားသွားနေပေးလိုက်"

Ommaပြောမှသူသတိဝင်ကာ Taeခုတင်ဘေးနားလေးသွားတော့Jin hyungကအလိုက်သတိထသွားပေးသည်။ သူလည်းTaeခုတင်ဘေးနားလေးဝင်ထိုင်ကာ Taeလက်လေးကိုကိုင်လိုက်တော့သူ့လက်တွေကိုအားကိုးတကြီးဆုပ်ကိုင်လာသည့် လက်ချောင်းငယ်လေးတွေ။

သူ့လက်တွေကိုဆုပ်ကိုင်ထားသည့်အားတွေကို ကြည့်ခြင်းဖြင့်Taeခံစားနေရသည့်နာကြင်မှုကမနည်းလှ။ သူ့သွေးသားကြောင့်Taeနာကြင်နေရသည်ကိုတွေးမိတော့ အားနာစိတ်ကအလုံးအရင်းဝင်ရောက်လာသည်။

"အဟင့်..မောင်..."

"အင်း...မောင်ရှိတယ်နော်Tae..."

"အရမ်းနာတယ် ဟင့်..."

"အင်းမောင်သိတယ် ခဏနေသက်သာသွားမှာနော် အားတင်းထားနော်Tae"

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Место, где живут истории. Откройте их для себя