Part (( 10 ))

16.1K 1.4K 49
                                    

Unicode

"Tae နေမကောင်းဘူးလား?"

အိပ်ယာကမထသေးပဲ စောင်ပုံထဲဝင်ကွေးနေသည့်သူ့ကိုရေမိုးချိုးပြီးတဲ့မောင်ကအထူးအဆန်းလေးစိတ်ပူပြီးမေးလာသည်။ မောင်မေးလည်းမေးချင်စရာပင်။ ရှစ်နာရီတောင်ထိုးနေပြီ။ ပုံမှန်ဆိုမောင့်ထက်အမြဲစောစောထတတ်သည့်သူက မထသေးတော့မောင်ထူးဆန်းနေရှာမှာပေါ့။

"မထချင်ဘူးလို့..."

"မနက်စာစားရမယ်လေTaeရဲ့ နောက်ကျရင်အစာမကြေပဲနေလိမ့်မယ်"

"မထချင်သေးပါဘူးဆိုနေမှပဲ ဘာလို့ဇွတ်ထခိုင်းတာလဲ...ဟင့်"

'ဘုရားရေ Taeကသူ့ကိုအိပ်ယာနှိုးလို့ငိုသတဲ့'

Jungkookမှာအထိတ်တလန့်ပင်ဖြစ်သွားရသည်။ သူ့Hyungလေးကလေးဆန်တာသိပေမဲ့ အခုရက်ပိုင်းတော့ပိုပြီးကလေးဆန်လာကာ သူ့ကိုပိုချွဲလာသလားလို့။ ဒါပေမဲ့အဲ့လိုလေးဖြစ်လေ သူကတော့ပိုချစ်ရလေပါပဲ။

ခုတင်ပေါ်ဝင်ထိုင်လိုက်ရင်း စောင်ပုံထဲကနေသူ့ကိုမျက်ရည်လေးတွေဝဲကာကြည့်နေသည့် ယောကျာ်းပေါက်စလေးကိုပွေ့ချီကာပေါင်ပေါ်တင်လိုက်တော့ မျက်လုံးလေးတွေကပုတ်ခတ်ပုတ်ခတ်။

"မထချင်သေးရင်လည်းမထနဲ့အုံးနော်။ မောင်မနှိုးတော့ဘူး"

"ရွဲ့တာမလား? Taeကိုနှိုးတာတောင် စိတ်မရှည်တော့ဘူးမလား? "

'တစ်ယောက်ယောက် Jungkookကိုကယ်တင်ကြပါ'

မျက်လုံးလေးတွေကတကယ်ကိုနီရဲလာသည်မလို့ Jungkookသာစကားတစ်ခွန်းမှားလျှင်ငိုဖို့ဟန်ပြင်ထားသည့်ပုံ။

Taeလုံးလေးပုံစံကတစ်မျိုးလေးပြောင်းလဲနေပေမဲ့ အူတယားယားရှိလှသည်မို့Jungkookမှာဆွဲဆက်ကိုက်ပစ်ချင်စိတ်တွေကိုမနည်းထိန်းချုပ်ထားရသည်။ သို့သော်တကယ်တော့မလုပ်ရဲဲ။ တော်ကြာစိတ်ဆတ်နေသူလေးက သူ့ကိုအနိုင်ကျင့်ပါတယ်ဆိုပြီးတကယ်ငိုနေမှဒုက္ခ။

"မရွဲ့ပါဘူးဗျာ မောင်ကTaeပင်ပန်းမှာစိုးလို့ပါ အဲ့တော့ဒီနေ့ကကုမ္ပဏီရောမသွားတော့ဘူးလား?"

"သွားမှာ ဒါပေမဲ့မောင်နဲ့မခွဲချင်ဘူး"

သူ့ရင်ခွင်ထဲခေါင်းလေးငုံ့ကာ ဖြေလာသည့်Taeပုံစံကြောင့်Jungkookမှာအူးတယားယားနှင့်အထူးအဆန်းတွေကိုဖြစ်နေသည်။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now