Part (( 6 ))

15.4K 1.6K 37
                                    

Unicode

"Taeဒါဘာဆေးတွေလဲ? "

"ဟင်!... ဟို အဲ့ အဲ့တာ..."

"တိုင်းရင်းဆေးတွေပဲ...."

Jungkookကဆေးထုပ်လေးကို စေ့စေ့စပ်စပ်ဟိုဖက်ဒီဖက်ကြည့်နေသည်မလို့Taehyungလည်းလာမဲ့ဘေးပြေးတွေ့ဖို့ကြိုးစားလိုက်သည်။

အခုမဟုတ်တောင် တစ်ချိန်ချိန်ကျရင်ပြောကိုပြောရမည့်ကိစ္စမလား? နှစ်ယောက်သားသေချာဆွေးနွေးဖို့အချိန်ကျပြီဟု Taehyungယူဆလိုက်သည်။

သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးလေးဟာ နားလည်မှုတွေအချစ်တွေနှင့်တည်ဆောက်ထားသည်မလို့ မောင့်ကိုကြောက်သည်ဆိုတာထက် သူပြောလိုက်သည့်စကားတွေကြောင့်မောင်စိတ်ပျက်သွားမှာကိုပိုကြောက်သည်။

"အင်း Ommoniပေးတဲ့ဆေးတွေလေ"

Ommoniပေးတဲ့ဆေးလို့လည်းပြောလိုက်ရော ချက်ချင်းပင်မျက်မှောင်တန်းကြုံ့သွားသည့်မောင်။

သို့သော်မောင်ကပြဿနာဖြစ်စေချင်သည့်ပုံပြချင်ဟန်မတူ။

"ကလေးယူဖို့အတွက်လား?"

သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ရင်း အေးအေးဆေးဆေးပြောလာသော်လည်း ထိန်းချုပ်ထားရသည့်ပုံပင်။

"အင်း...."

"Taeမသောက်ဖူးမလား?"

သူ့ကိုမျှော်လင့်တကြီးမေးလာသည့်မောင့်ပုံစံကို သူနားမလည်နိုင်။

"Taeလည်း ကလေးယူချင်တယ်မောင်"

သူပြောလိုက်တော့ စိတ်ရှုပ်သွားဟန်ဖြင့်သူ့ကိုကျောပေးကာတစ်ဖက်သို့လှည့်သွားသည့်မောင်။ သူလည်းမောင်လှည့်သွားသည့်ဖက်သို့သွားကာ မောင့်ရှေ့မျက်နှာချင်းဆိုင်လိုက်ရင်း

"Taeတို့ကလေးလေးတစ်ယောက်လောက်ယူရအောင်လေမောင် Taeတို့အခုလက်ထပ်ထားတာလဲအချိန်တစ်ခုရှိနေပြီ ပြီးတော့Taeရဲ့အလုပ်အကိုင်ရော ဝင်ငွေရောအဆင်ပြေနေပြီပဲကို"

"ကျစ်...မဟုတ်သေးပါဘူးTaeရာ မောင့်အတွက်ဆိုရတယ်ကလေးမရှိလည်းဖြစ်တယ်Tae ပြီးတော့ကလေးတစ်ယောက်ရှိလာရင် ဘယ်လောက်ထိဝန်းထုပ်ဝန်ပိုးဖြစ်လာရမလဲဆိုတာTaeတွေးမိရဲ့လား? ဒီတိုင်းလွယ်လွယ်နဲ့ဆုံးဖြတ်လို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူး"

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now