Part (( 7 ))

17.1K 1.5K 57
                                    

Unicode

နောက်တစ်နေ့မနက် Yeonjunအိမ်ထဲဝင်လာတော့အိမ်တော်ထိန်းဂင်နှင့်တွေ့သည်။

"ဦးလေးဂင် Hyungတို့အဆင်ပြေသွားပြီလား?"

"မပြေသေးဘူးထင်ပါတယ်ဗျာ အကိုငယ်လေးရောမနက်စာစားခဲ့ပြီလား?"

"ဟီးဟီး မစားခဲ့ရသေးဘူး"

"Nae အဲ့ဆိုအဒေါ်ကြီးမနက်စာပြင်နေပြီ တခါတည်းဝင်စားနှင့်လိုက်တော့လေ"

"Nae ဦးလေးဂင်"

မနက်စာစားပွဲမှာလည်းYeonjunတစ်ယောက်တည်းဖြစ်နေသဖြင့် ကော်ဖီလာချပေးသည့်အဒေါ်ကြီးနှင့်ပေါက်ပေါက်ဖောက်နေသည်။

"အဒေါ်ကြီးရောဘယ်လိုထင်လဲဟင်? ကလေးကမယူသင့်သေးဘူးမဟုတ်လား? မဟုတ်ရင်ကျွန်တော်အသက်ငယ်ငယ်လေးနဲ့ဦးလေးအခေါ်ခံရတော့မှာ"

Yeonjunလေပေါသမျှကို နားထောင်ပေးနေရသည့်အဒေါ်ကြီးမှာလည်းဒီကလေးသာသာကိုယ့်သားအရွယ်ကောင်လေးကို အပြစ်မတင်ရက်ပဲသဘောတကျပင်ပြုံးရယ်လျက်နားထောင်ပေးနေရသည်။
-
-
-
-
-
နိုးထလာသည့်မနက်ခင်းလေးသည့် နေရတာသိပ်မကောင်းလှ။ မနေ့ညကအရက်ဒဏ်ကြောင့်ထင်သည် လူကမူးနောက်နောက်နှင့်။

ထို့နောက်ရင်ဘတ်ကလေးလံနေသည့် အထိအတွေ့ကြောင့်အာရုံတွေသေချာစုစည်းလိုက်ရင်းအိပ်နေရာမှငုံ့ကြည့်မိတော့မှ သူ့အပေါ်တစ်ကိုယ်လုံးတက်ခွကာရင်ဘတ်ပေါ်သို့ခေါင်းတင်ပြီးအိပ်နေသည့်Tae။

တက်ဖိကုပ်ခွပြီးအိပ်နေပုံလေးက သူ့ကိုယ်ပေါ်တွင်ကြောင်ပေါက်လေးတစ်ကောင်တက်အိပ်နေဟန်။

"စိတ်ဆိုးနေတာကိုတောင် လာကပ်ပြီးအိပ်ရဲသေးတယ်တဲ့ကွာ"

စိတ်ဆိုးနေတာတွေတောင်မေ့ပြီး အိပ်ယာပေါ်တွင်ပက်လက်ကြီးပီတိပင်လယ်မှာလက်ပစ်ကူးနေသည့်Jungkookရယ်ပါ။

သူ့ဘာသာတစ်ယောက်တည်း နိုးမလာသေးသည့်ရင်ဘတ်ပေါ်ကခေါင်းလုံးလုံးလေးကိုငုံ့နမ်းလိုက် ကျောပြင်လေးကိုပုတ်ကာချော့သိပ်ပေးလိုက်နှင့် အူးအသည်းတွန့်တွန့်လူးပြီး သူ့ပေါ်ကယောကျာ်းပေါက်စလေးကိုချစ်မဝဖြစ်နေသည့်Jungkook။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now