Part (( 30 ))

12.2K 1K 80
                                    

Unicode

ဆေးစစ်မှုတွေလုပ်ပြီးကတည်းက သားကိုဆေးရုံတင်ထားရတာနှစ်ရက်ရှိပြီဖြစ်သည်။

အခုမနက်ခင်းလဲ သားကမနိုးသေးတာကြောင့် သားကိုYeonjunနှင့်ခဏထားခဲ့ကာသူနှင့်TaeကNamjoon hyungအခန်းဆီသို့ထွက်လာခဲ့ကြသည်။

ဒီနေ့မနက်ခင်းအစောလေးကတင် Namjoon hyungပြန်သတိရပြီဟုJin hyungကဖုန်းဆက်လာသဖြင့်သူတို့မှာဦးနှောက်နှင့်အာရုံကြောကုသဆောင်တွေဘက်ပြေးရပြန်သည်။

"Joon Hyung! "

"Aigoo ငါတို့Tae Taeလေးအရမ်းကြီးလန့်သွားခဲ့တာမလား? "

အခန်းထဲရောက်တော့Namjoon hyungကခုတင်လေးပေါ်တွင်လျော့လျော့လေးမှီထိုင်လျက်လှဲနေသည်မလို့ Taeကအခန်းထဲဝင်ဝင်ချင်း သူ့အစ်ကိုဆီပြေးဖက်နေသည်က ခွေးပေါက်လေးသခင်ဆီတအိအိလုပ်နေဟန်လေးပင်။

"Hyungကိုဘယ်လောက်ထိစိတ်ပူနေခဲ့ရလဲသိရဲ့လား?"

"ဟော မငိုရဘူးလေ။Hyungအခုသက်သာလာပြီပဲကို"

"ဟုတ်သားပဲTae Taeရဲ့။ငိုတာကကလေးလေးတွက်လဲမကောင်းဘူးလေ မငိုနဲ့တော့ဝမ်းသာစရာကြီးကို"

Jin hyungကပါဝင်ချော့မှ Taeကအငိုတိတ်ကာHyungကိုဖက်ထားရာကနေသူအနားလေးပြန်ရောက်လာသည်။ ဒါတောင်တရှုံ့ရှုံ့နှင့်သူ့လက်မောင်းကိုမျက်ရည်တွေလာသုတ်နေသေးပြန်သည်။ Aigooမောင့်ရဲ့ချစ်စရာကလေးအဖေပေါက်စလေး။

"ကလေး? ဒါဆိုအခုTaehyungieကနောက်ထပ်ကလေးလေး?"

Joon hyungရဲ့တအံ့တဩကြီးနဲ့မေးလာသည့်ပုံကိုကျွန်တော်တို့အားလုံးသဘောကျစွာရယ်မိကြသည်။ Joon hyungကလချီပြီးသတိမေ့နေခဲ့တာကြောင့်Taeဆီမှာနောက်ထပ်ကိုယ်ဝန်ရှိနေပြီဆိုတာမသိသေး။

"ဟုတ်တယ်Joon ah ငါတို့Tae Taeလေးဆီမှာနောက်ထပ်ကလေးလေးရှိနေပြီ"

"Wow Daebak! "

ထို့နောက်Namjoon hyungရဲ့ဝမ်းသာစွာထွက်လာသည့်အသံကျယ်ကြီးကြောင့်သူတို့အားလုံးလဲထပ်တူလိုက်ရယ်မိကြလိုက်သည်။

"ဒါနဲ့Wonလေးနေမကောင်းလို့ဆို ဘယ်လိုဖြစ်တာလဲ?"

"Yoongi hyungပြောတာတော့ဒီတိုင်းအဖျားကြီးသွားတာတဲ့ သာမန်ဖျားတာမျိုးမလို့ဆေးစစ်မှုလေးတွေပဲလုပ်ထားတယ်စိတ်ပူစရာမရှိတော့ပါဘူးHyung "

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ