Part (( 9 ))

14.7K 1.3K 88
                                    

Unicode

မနက်စာစားပွဲလေးသည် အရင်ရက်တွေနှင့်မတူစွာတိတ်ဆိတ်လို့နေသည်။ သူနှင့်မောင်နဲ့ကစားပွဲတစ်ဖက် Xiao Yuanလို့ခေါ်သည့်မောင့်ဧည့်သည်ကောင်လေးနှင့်Yeonjunနဲ့ကစားပွဲတစ်ဖက်တွင်ထိုင်ဖြစ်ကြသည်။

"Taeဒါမောင်ငယ်ငယ်တုန်းက မောင်တို့အိမ်နဲ့ကပ်ရပ်မှာနေခဲ့တဲ့မောင့်ရဲ့ကစားဖော်ကစားဖက်ညီလေးလေ Xiao Yuanတဲ့ Xiaoလေးကမောင့်ထက်တစ်နှစ်ကျော်လောက်ငယ်တယ် Xiaoလေးအလယ်တန်းကတည်းကXiaoလေးနဲ့မာမားကပေကျင်းကိုပြန်ပြောင်းသွားကြတာလေ တော်တော်တောင်ကြာပြီခုမှပြန်တွေ့ဖြစ်ကြတာပဲ"

မောင်ကတော့ဝမ်းသာအားရပင် တကယ့်ညီလေးအရင်းတစ်ယောက်ကိုပြန်တွေ့လိုက်ရသည့်အတိုင်းတက်ကြွစွာမိတ်ဆက်ပေးနေပေမဲ့ မပျော်ရွှင်နိုင်သူကတော့Taehyungပင်။

မောင့်ကိုမယုံတာမဟုတ်ပေမဲ့ မနက်ဖြန်တွေကိုမယုံရဲဘူး။ အတွေးလွန်တယ်လို့ပြောလည်း ပြောပါစေတော့။ ဒီကောင်လေးအိမ်ရောက်လာကတည်းက Taehyungစိတ်ထဲနေလို့မကောင်းတော့။

"Xiaoလေး ဒါHyungရဲ့အမျိုးသား Jeon Taehyungတဲ့ "

မောင်မိတ်ဆက်ပေးလိုက်တော့ ပျက်ယွင်းသွားတဲ့Xiao Yuanမျက်နှာကိုTaehyungရအောင်ဖမ်းမိလိုက်ပါသည်။ သို့သော်ချက်ချင်းပင် သူ့အားပါးချို့လေးတွေပေါ်သည်အထိဖြူစင်စွာပြုံးပြရင်း

"Nìn hao Hyung"

"အင်း တွေ့ရတာဝမ်းသာပါတယ်Xiaoလေး"

"ဝေ့ ...ကျွန်တော့်ကိုအဲ့လိုမခေါ်လို့ရမလား? အဲ့တာကိုကိုတစ်ယောက်တည်းခေါ်တာ"

Taehyungစိတ်ထဲတင်းခနဲ။ ကာမပိုင်ယောကျာ်းရှိတဲ့ကိုယ့်ရှေ့လာပြီး ကိုယ့်ယောကျာ်းကိုသူ့ဆိုင်သူလိုလိုမဏ္ဍိုင်တပ်ပြနေတာဘာသဘောလဲ?

"Xiaoလေး!"

မောင်ကတော့အားနာသွားဟန်ဖြင့်သူ့ကိုကြည့်လာသည်။ မကြည့်နဲ့မောင်။ မောင့်အမှားမပါတာမလို့ မောင်ကသူ့အစားလာမကြည့်နဲ့။ အဲ့တာကTaeကိုပိုခံရခက်စေတယ်။

"Xiaoလေးကငယ်ငယ်တည်းကတစ်ဦးတည်းသောသားဆိုတော့ အဲ့လိုပဲဗိုလ်ကျပြီးဆိုးတယ်Taeရဲ့"

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now