Part (( 19 ))

14.1K 1.2K 88
                                    

Unicode

'အူဝါး အဲ... အူဝါး....'

အိပ်နေရင်းကလေးငိုသံကြောင့် လူကဆတ်ခနဲနိုးလာသည်။ သားငိုသံကတော်တော်ပင်ကျယ်တာကြောင့် သူ့Daddyနဲ့အဆင်မပြေတာတစ်ခုခုဖြစ်နေပြီမှန်းTaehyungရိပ်မိလိုက်သည်။

အမြန်ပင်အခန်းထဲကထွက်ကာ အောက်ထပ်သို့ဆင်းလာရတော့သည်။ တွေ့ပါပြီ ဧည့်ခန်းထဲကအမွှေးပွကော်ဇော်ပေါ်မှာ အခင်းလေးခင်းထားကာသားကထိုအခင်းပေါ်မှာပက်လက်လေး။

ကလေးအဖေကိုတော့မတွေ့။ ညကလည်းသားကြောင့်သူအိပ်ရေးပျက်ထားရသည်မလို့ မနက်ကတည်းကသားကိုထိန်းထားပေးပါမည်ဆိုပြီး သူ့ကိုအိပ်ခိုင်းခဲ့သည့်မောင်။

သူ့မှာဒိုက်ပါလေးတစ်ခုတည်းဝတ်ထားကာ တုံးလုံးလေးဖြစ်နေသည့်သားကိုအမြန်ကောက်ပွေ့လိုက်ရင်းချော့လိုက်ရသည်။

'အူဝါး...'

"Wonလေးရေတိတ်နော် Appaလာပြီနော်။ "

"အာ Taeနိုးသွားတာလား? ဆောရီးနော် သားကအီးတွေပါချထားတော့ မောင်လဲဘာလုပ်ရမှန်းမသိလို့ အဒေါ်ကြီးကိုသွားရှာနေတာ"

မောင့်အပြောကိုသူသဘောကျစွာရယ်လိုက်မိသည်။ မောင်ကလူလည်လေး။ အညစ်အကြေးဆို တအားရွံတတ်တာသူသိတာပေါ့။ အခုလည်းသားကိုဒိုက်ပါလဲပေးနည်းသူသင်ပေးထားပြီးသားကို။ သူလည်းမရှိရော ကိုယ်တိုင်မလဲပေးပဲ အဒေါ်ကြီးကိုရအောင်သွားခေါ်သေးတာ။

"ရတယ် ရတယ်Taeကိုသားအတွက်ဒိုက်ပါတစ်ခုလောက်သွားယူပေး ပြီးတော့အင်္ကျီအပါးလေးတစ်ထည်ပါယူခဲ့ပေးဒီတိုင်းထားရင် သားအအေးပတ်လိမ့်မယ်"

"အင်း ခဏနော်မောင်မနက်ကအောက်ကိုယူလာတယ်"

သားကိုဒိုက်ပါလဲပေးတော့ မငိုတော့ပဲငြိမ်သွားသည့်Jeonပေါက်စလေး။ မောင်ကတော့ ဘေးကနေသူ့သားရဲ့ အင်္ကျီတုံးလုံးပုံစံလေးကို သဘောတွေကျကာ ရှုမဝဖြစ်နေသည်။ အနားတော့မကပ်။

သားအတွက်special nurseငှားမည်ဆိုတော့လည်း အူတိုလွန်းသည့်မောင်ဟာ သူ့သားနုနုနယ်နယ်လေးကိုသူစိမ်းအထိမခံချင်ဟုဆို၍ special nurseလည်းမငှားရ။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now