The End

6.9K 253 14
                                    

Unicode
လတွေ ရက်တွေ နေ့တွေ ပြောင်းသွားပေမဲ့ ပုံမှန်နေ့စဉ်အလုပ်ကိစ္စကိုယ်စီနဲ့ သူတို့ဘဝလေးမှာ ထူးခြားလာတာက တနေ့တခြားပူပူလာတဲ့ လင်းယီရဲ့စုဘူးလေးပဲရှိမယ်ထင်.....

၉လဆိုတဲ့ဗိုက်က ပုံမှန်အာ့လောက်မကြီးပေမဲ့ ချန်ယွိအမေရဲ့အမေ(ချန်ယွိအဖွား)ဘက်လိုက်ကယ အမွှာကိုယ်ဝန်လွယ်ထားရတဲ့ လင်းယီကတော့ တကယ့်မီးပုံးပျံနဲ့တူလှပေသည်...

၂လလောက်အိမ်မှာပဲနားနေတဲ့လင်းယီက အိပ်လိုက်စားလိုက်နဲ့ နဲနဲပြည့်ပြည့်လေးတောင်ဖြစ်လို့နေပြီ.....

ချန်ယွိကတော့ကုမ္ပဏီသွားလိုက် သူ့မိန်းမအနားနေလိုက်နဲ့ အားတယ်လို့မရှိပေ.....

ချန်ယွိတို့မင်္ဂလာဆောင်ပြီးတော့ လင်းယီကချန်ယွိအိမ်မှာလိုက်နေတာကြောင့် ရိပေါ်နဲ့ရှောင်ကျန့် ၂ယောက် ရှောင်ကျန့်တိုက်ခန်းမှာပြန်နေကြသည်....ရိပေါ်အကြံစည်ပေါ့.....

ရိပေါ်ကဆိုင်ကယ်ပြိုင်ပွဲအပြင် စကိတ် ဘတ်စကတ်ဘောကအစ သူကြိုက်တဲ့အားကစားတွေအသင်းဝင်ပြီး လိုက်ကစားသည် အခုဆိုကောင်မလေးတွေအပြင် ကောင်လေးပရိတ်သတ်တွေပါရှိနေပြီ....

သူတို့၂ယောက်ရဲ့ လင်းယီတို့မင်္ဂလာပွဲကvdoတွေပျံ့သွားတာကြောင့် ရိပေါ်fanတွေကလက်ဆောင်ပေးရင် စုံတွဲပစ္စည်းလေးတွေရွေးပေးတတ်ကြသည်...

စာတွေရေးပေးတော့လဲ ရှောင်ကျန့်ကကပ်ကပ်ပါတတ်သေးသည်.....

ရှောင်ကျန့်ကတော့အရင်ဆေးရုံရဲ့ အရင်နေရာမှာ အရင်လိုပဲ ဖြတ်သန်းလျှက်....

ရှောင်ကျန့်သူနားနေကျဝရံနာလေးမှာ ခဏအနားယူနေတုန်း သူ့ဘေးမှာလူတယောက်လာရပ်တာကြောင့် ကြည့်လိုက်တော့ ကော်ဖီခွက်လေးကိုင်ကာရပ်နေတဲ့ စုယန်းခေါ် ခရစ်....

"ဟင် ခရစ် လာလေ ထိုင်ပါ"

"ရှောင်ကျန့် ရုံးခန်းထဲသွားတာ ဒီဘက်ထွက်သွားတယ်ဆိုလို့"

"အင်း ခဏနားချိန်ရတုန်း ဘာကိစ္စများရှိလို့လဲ"

"ထွေထွေထူးထူးတော့ မရွိပါဘူး"

"ထွေထွေထူးထူးမရှိဘူးဆိုတော့ နဲနဲပါးပါးတော့ရှိတယ်ပေါ့"

Perfect love{complete}Where stories live. Discover now