33

3K 230 45
                                    

Unicode
.....တောက်....

"ချဲ့လျန် ချဲ့လျန်."

"ဟုတ်မမလေး"

"ဝမ်ရိပေါ် ဝမ်ရိပေါ်ပုံမှန်မဟုတ်ဘူး ထူးဆန်းနေတယ် အတိကျစုံစမ်းပြီး ပြန်ပြော.."

"ဟုတ်"

*ငါ့ကိုကြည့်တဲ့ပုံကတစ်မျိုးပဲ အရင်နဲ့မတူဘူး အတိတ်မေ့နေတာ ပြန်သတိရပီလား မဖြစ်နိုင်ဘူး အခြေနေတွေက သူ့အရင်ပုံနဲ့ဆန့်ကျင်ဘက်ပဲ သူလက်ခံမှာမဟုတ်ဘူး*

.............

ရိပေါ်ချိုင့်တွေသိမ်းကာ ကောအခန်းထဲ ဂိမ်းခဏဆော့ပြီးမှပြန်လာလိုက်သည်။ ကောကညနေမှသူ့နဲ့ပြန်လို့ပြောပေမဲ့ မဖြစ်တဲ့အခြေနေကြောင့် ​ဇွတ်ငြင်းကာပြန်ခဲ့ရသည်။ လာတုန်းကအတိုင်း taxiနဲ့သူ့ဆိုင်ကယ်ဆီစီးလာပြီးမှ ဆိုင်ကယ်နဲ့ပြန်လာလိုက်သည်။

ထိုပုံရိပ်ကို ဓာတ်ပုံရိုက်လိုက်တဲ့လူတယောက်ကိုတော့ သူမမြင်လိုက်ပေ....

ရိပေါ်အိမ်မပြန်ချင်သေး၍ မြို့ပတ်ကာ ဆိုင်ကယ်စီးနေလိုက်သည်။ မြို့ပြင်တစ်နေရာရောက်တော့ အေးချမ်းပြီးလေကောင်းလေသန့်ရတဲ့တောင်ကုန်းလေးကိုအမှတ်မထင်တွေ့လိုက်၍
ရောက်အောင်သွားပြီး ဆိုင်ကယ်ရပ်ကာ ခဏနားလိုက်သည်။ တောင်ကုန်းကနေကြည့်ရင်မြင်ရတဲ့ မြင်ကွင်းကသူ့စိတ်ကိုအေးချမ်းစေသည်။

"ဒီနေရာလေးမှာ အပန်းပြေစံအိမ်ဆောက်ပြီး ကောနဲ့အတူနေရရင် အရမ်းကောင်းမှာပဲ အဟက်..ကိုယ့်အတွေ့နဲ့ကိုယ်တော့ဟုတ်နေတာပဲ.."
ရိပေါ်ဘေးဘယ်ညာလှည့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ ဆိုင်းဘုတ်လေးတစ်ခု...

'ခြံရောင်းမည်
ပွဲစားမလိုပိုင်ရှင်ကိုယ်တိုင်ရောင်းမည်
ဆက်သွယ်ရန် xxx...xxxx'

ရိပေါ်အချိန်မဆွ​ဲပ​ဲထိုဖုန်းကိုကောက်ဆက်လိုက်သည်။

"ကျွန်တော်အခု အဲဒိနားမှာရောက်နေတယ် အခုပဲတွေ့လို့ရလား"

"အိုခေ ကျွန်တော်စောင့်နေမယ်"

ပိုင်ရှင်ဆိုသောသူနှင့်ချိန်းဆိုလိုက်ကာ စောင့်နေလိုက်သည်။ ခဏကြာတော့ ဉီးလေးကြီးနဲ့အန်တီကြီးရောက်လာပြီး..

Perfect love{complete}Where stories live. Discover now