55

2.6K 181 9
                                    

Unicode
မနက်ခင်း Breakfastဝိုင်းတွင် ဝမ်လျိုကျား သီတင်းစာဖတ်ရင်း အေးအေးလူလူ မနက်စာစားနေတော့သည်။

လုလုနိုးလာကာ..
"မောနင်း ဒယ်ဒီ မွ..."

"မောနင်း ဘေဘီ ခေါင်းကိုက်နေသေးလား ဒေါ်အန်းရေ.. သမီးငယ်အတွက်ပျားရည်လေးလုပ်ပါဉီး"

"ဟိဟိ ဒယ်ဒီ အစ် သ ဘတ်စ်"
လုလု လက်မနှစ်ချောင်းထောင်ကာ သွားဖြီးပြလိုက်သည်။

"သမီး ကိုကိုတွေအခုထိမနိုးကြသေးဘူးလား ၉နာရီတောင်ထိုးတော့မယ် ရှောင်ကျန့်ဒီအချိန်ထိမအိပ်ဖူးပါဘူး"

"လုလု သွားနှိုးလိုက်ရမလား"

"နေပါစေ ပိတ်ရက်ပဲကို အိပ်ကြပါစေ.."

"ဟုတ် ဒါနဲ့ဒယ်ဒီ"
လုလုပျားရည်အနည်းငယ်ယူသောက်လိုက်ပြီ...

"ဟို ဉီးကဒယ်ဒီနဲ့လာတွေ့ပြီး လုလုကိုတရားဝင်တွဲချင်တယ်တဲ့ "

"ဟေ... အခုကတရားမဝင်တွဲနေကြလို့လား"

"အာ အာ့လိုမဟုတ်ဘူးလေ ခုကဒယ်ဒီတို့သိပေမဲ့ လုလုဘက်ကစပြီးခံစားချက်ရှိခဲ့တာမို့ ဒယ်ဒီတို့အမြင်မှာတမျိုးမဖြစ်နေအောင် ဉီးကတရားဝင်ခွင့်တောင်းပြီးတွဲမလို့တဲ့ အဲဒါကြောင့်ပါ"

"အင်း.. သမီးအပေါ်ထားတဲ့သူ့အချစ်တွေပေါ့ ဒယ်ဒီစတွေ့ထဲက ရှီရွှမ်းကိုသဘောကျတာ ငါ့သမီးမကြိုက်ရင်တောင် ဒယ်ဒိကပေးစားမလို့ အခုတော့...."

"ဟိဟိ တရက်လောက်အိမ်ကို ထမင်းစားဖိတ်လိုက်မယ်နော်"

"ငါ့သမီးသဘောပါ"

"ရေး... အာ့ကြောင့် ဒယ်ဒီကိုချစ်တာ..."

"ဟားဟား ဟားဟား"

ထမင်းစားခန်းထဲမှာရယ်သံတွေ ဆူညံနေပေမဲ့ အခန်းတခန်းထဲမှာတော့....

နေရောင်စူးစူးလေးက ကုတင်ပေါ်တိုက်ရိုက်မဟုတ်ပဲ ကုတင်ခြေရင်းနံရံပေါ်ကျရောက်နေတာကြောင့် မထချင်သေးတဲ့ ရှောင်ကျန့်မျက်လုံးပေါ်လက်အုပ် စောင်ဆွဲခြုံကာ ရိပေါ်ရင်ခွင်ထဲတိုးဝင်အိပ်တော့သည်။

၁စက္ကန့်

၂စက္ကန့်

၃စက္ကန့်.....

Perfect love{complete}Wo Geschichten leben. Entdecke jetzt