24

2.7K 211 10
                                    

Unicode
ရှောင်ကျန့် မနက်စာပြင်ဆင်ပြီး ရိပေါ်ကိုနှိုးရန် ကုတင်ပေါ်တက်လိုက်သည်။
ဒီနေ့တော့ ရိပေါ်ကို ဆေးရုံခေါ်သွားမည်။ ဒီကလေးနဲ့မခွဲရခင်အချိန်လေးတော့ အတူတူရှိချင်သည်။

"ရိပေါ် ကလေးလေး ထတော့နော် ကောနဲ့ဆေးရုံလိုက်ခဲ့ မာမီမလာဘူးတဲ့"

"အွန်း...ထချင်သေးဘူး"

"ထေတာ့ဆို...ကောနောက်ကျတော့မယ်"

"ဟင့်...သားအိပ်ချင်တယ်ဆို ဟင့်"

"ကဲအဲဒါဆို မျက်နှာလေးပဲသစ် အင်္ကျီလေးပဲလဲရအောင်နော် ဆေးရုံရောက်မှပြန်အိပ်ကွာနော်"

"အင်း...ကောသစ်ပေး..."

"အင်း...ထကြာ"

ရှောင်ကျန့် ရိပေါ်လက်ကိုဆွဲထကာ ရေချိုးခန်းထဲတွန်းပို့ပြီး သွားတိုက် မျက်နှာသစ်ပေးရတော့သည်။ ပြီးမှအဝတ်စားထုတ်ပေးလိုက်သည်။ လည်ပိတ်အဖြူရောင်လေးအင်္ကျီလေးမပါမဖြစ်ပေါ...

"ကဲဒါလေးတော့လဲထားနော် ကောရေချိုးလိုက်ဉီးမယ် ပြီးရင်မနက်စာစားကြမယ်"

ရိပေါ်ခေါင်းလေးငြိမ့်ပြလိုက်ပြီး ရှောင်ကျန့်ရေချိုးခန်းထဲဝင်သွားတော့ ရိပေါ်အဝတ်လဲလိုက်သည်။

ရှောင်ကျန့်ရေချိုးအဝတ်စားလဲလိုက်သည်။သူကတော့လည်ပိတ်အင်္ကျီအမဲလေးနဲ့ပေါ့..
အားလုံးပြင်ဆင်ပြီး ထိုင်ငိုက်နေတဲ့ရိပေါ်ကိုခေါ်ကာမနက်စာခွံ့ရင်းစားရတော့သည်။

ရိပေါ်ကတော့ မျက်လုံးမဖွင့်တမ်း ရှောင်ကျန့်ကျွေးသမျှဝါးနေလေရဲ့...
အားလုံးပြီးသွားတော့မှ ရှောင်ကျန့်ရိပေါ်လက်ဆွဲကာ ကားဆီလာရတော့သည်။ကားပေါ်ရောက်တော့လဲထိုင်ခုံမှီကာအိပ်နေတဲ့ရိပေါ်ကိုကြည့်ကာ..

*အင်းပေါ့ မနက်ဆို ၁၀နါရီမှထတဲ့ကလေးက ၆နာရီထရတော့ ဘယ်လိုလုပ်အိပ်ရေးဝမလဲ*

ရှောင်ကျန်တို့ကားလေးဆေးရုံးဝန်းထဲရောက်ရှိလာခဲ့သည်။ကားပါကင်ရောက်သည်အထိ ရိပေါ်အိပ်ကောင်းဆဲ...ရှောင်ကျန့်မနှိုးရက်တော့တာမို့ ပွေ့ချီကာပဲခေါ်လိုက်သည်။

သူတို့၂ယောက်ဝင်အလာ မြင်တဲ့သူတွေအကုန် တီးတိုး တီးတိုးပြောနေကြသည်ကို ရှောင်ကျန့် ဂရုမစိုက်ပဲ ရုံးခန်းကိုသာဉီးတည်လိုက်သည်။
ရင်ခွင်ထဲက အကောင်ပေါက်လေးကတော့ဘာမှမသိ အိပ်ကောင်းလျှက်....

Perfect love{complete}Waar verhalen tot leven komen. Ontdek het nu