54

2.6K 185 12
                                    

Unicode
ရိပေါ်အဝတ်လဲပြီးထွက်လာတော့ အဖွ​ဲ့သားတွေက ညစာစားပွဲကျင်းပတဲ့နေရာကိုသွားနှင့်ပြီမို့ ရိပေါ်နဲ့ရှောင်ကျန့် လော့ထန်းကောထားပေးခဲ့သောကားနဲ့ပဲ ဟိုတယ်သို့ထွက်လာခဲ့လိုက်သည်။

ရှောင်ကျန့်စိတ်မဆိုးပေမဲ့ ရိပေါ်ကိုအပြစ်ပေးချင်တာကြောင့် ခုထိ မျက်နှာတည်တည်နဲ့စကားကိုမေးမှဖြေ အပိုလိုမရှိပ​ဲပြောသည်......

ဟိုတယ်ရောက်တော့.. အဖွဲ့သားတွေအကုန်ရှန်ပိန်ဖောက်ကာ......
"​ဝေး...ဟေးဟေး.... congratulations ဝမ်ရိပေါ်"

လုလုကထလာကာ  ရိပေါ်နဲ့ရှောင်ကျန့်လက်ကိုလာဆွဲပြီး...
"လာကောကောတို့ ဒီမှာထိုင်"

မသိရင် သတို့သား သတို့သမီးနေရာချတာကျနေတာပဲ သူတို့နေရာကအလျားလိုက်စားပွဲအရှည်ကြီးထိပ်ကခုံ၂ခုံမှာ...

ရိပေါ် ညာဘက်မှာလော့ထန်းကထိုင်ပြီး ရှောင်ကျန့်ဘယ်ဘက်မှာ လုလု လင်းယီ ရှီကော အဖွဲ့သားတွေသူ့နေရာနဲ့သူအစီရီထိုင်ကာ ပျော်ပျော်ပါးပါးစားကြသောက်ကြသည်။

ရိပေါ်ကစားရင်းသောက်ရင်း ရှောင်ကျန့်ဘက်ကိုယ်ကိုစောင်းထိုင်လိုက်သည်။ ဒါကိုမသိချင်ယောင်ဆောင်ကာ ရှောင်ကျန့်က လုလုဘက်အနည်းငယ်ထပ်စောင်းထိုင်လိုက်သည်မို့ ရိပေါ်နဲ့လူချင်းနဲနဲကွာသွားတော့သည်။

ရှောင်ကျန့်ကြည့်လိုက်တော့ ရိပေါ်မျက်နှာငယ်လေးလုပ်ပြီး ​ပြန်ကြည့်နေသည်မို့ အရှေ့ကျဝိုင်ခွက်ကိုသာယူသောက်ရင်း မျက်နှာလွှဲလိုက်သည်။

သူပျော့လို့မရဘူး ခွေးပေါက်လေးမှတ်သားလောက်အောင် အပြစ်ပေးရမယ်......

*ဟင့်.. ကောအရမ်းစိတ်ဆိုးသွားတယ်ထင်တယ် စကားတော့ပြန်ပြောပါရဲ့ စားမလားဆို အင်း သောက်ဉီးမလားဆို အင်း ဒါလေးစားကြည့်ဆို အင်း... မသိရင်ရာဇဝင်ကားထဲက လန်ကျန့်လိုလို ဘာလိုလိုနဲ့*

ရှောင်ကျန့် ရိပေါ်ကိုမသိမသာခိုးကြည့်လိုက်တော့ မျက်နှာကိုရှုံ့လိုက် မဲ့လိုက် ရွဲ့လိုက်နဲ့ ဘာတွေတွေးပြီး ဘာတွေဖြစ်နေမှန်းမသိတဲ့သူကလေးကြောင့် ကြိတ်ရယ်နေမိသည်။

Perfect love{complete}Where stories live. Discover now