45

2.6K 192 9
                                    

Unicode
ဖုန်းနှိုးစက်မည်လာသည်မို့ ရှောင်ကျန့် မျက်လုံးလေးအသာဖွင့်ကာ....ဖူန်းယူပြီးပိတ်လိုက်သည်။

ရိပေါ်ကိုမော့ကြည့်လိုက်တော့အိပ်ကောင်းတုန်း

"ပြွတ်..ဖုန်းသံနဲ့တောင်မနိုးဘူး ဘယ်လိုအိပ်ပုတ်လေးလဲ"

အင်း.....
သူ့အနမ်းကြောင့် သူ့ကိုတိုးဖက်ကာလှုပ်လာသည်မို့...

"ရိပေါ် ကလေးလေး ထတော့လေ"

"အင်း..."
ပါးစပ်ကသာအင်းတာ ခုထိမျက်လုံးမဖွင့်ဘူး...
ရှောင်ကျန့်အသဲယားလာ၍ နှုတ်ခမ်းဖူးဖူးလေးကိုစွဲစုပ်လိုက်သည်။

ရှောင်ကျန့်သူနမ်းနေရင်း ခံစားမိလိုက်တာက သူကအနမ်းခံနေရသည်ကိုပင်...
ခဏကြာမှ၂ယောက်သားထကာပြင်ဆင်ကြတော့သည်။ သူတို့ရဲ့မနက်ခင်းအနမ်းလေးကချိုမြိန်လှသည်....

သူတို့အဖွဲ့ရဲ့လမ်းလျောက်ခရီးစဉ်ကြောင့် အကုန်လုံးတက်ကြွနေကြသည်။ ကိုယ်စီကျောပိုးအိတ်များလွယ်ကာ အရှေ့အိမ်ကိုထွက်လာကြတော့ သူတို့နဲ့အတူလိုက်ကြမည့် ပိုင်ရွယ်နှင့်​သူငယ်ချင်းအဖွဲ့ကစောင့်နေကြသည်။

ဉီးလေးရောဒေါ်ကြီးပါ ထလာကာ.....

"ကလေးတို့ လမ်းတော့ပေါက်ပေမဲ့ တောလမ်းဆိုတော့ တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြ ဖေမကူညီကြနော် ရွာနီးစပ်တွေဖြတ်သွားရတာလဲရှိပါတယ် ဟိုရောက်ရင်တော့ တစ်ခြားဧည့်အဖွဲ့တွေလဲရှိတယ်"

"ဟုတ်ကဲ့ဉီးလေး"ပိုင်ရွယ်ကဖြေလိုက်သည်။

ရိပေါ်တို့အဖွဲ့အရမ်းပျော်နေကြသည်။ စ မထွက်ခင်အဖွဲ့လိုက် ဓာတ်ပုံရိုက်ကြသည်။ တောလမ်းအတိုင်းခြေလျင်လျှောက်မှာဖြစ်လို့ သဘာဝတရား၏အလှကိုလဲတွေ့မြင်ရပေဉီးမည်။

ပိုင်ရွယ်၏သူငယ်ချင်းဖြစ်သူတွေဉီးဆောင်ကာ ခြေလျင်တောလမ်းအတိုင်း ပျော်ပ​ျော်ပါးပါးခရီးထွက်ခဲ့ကြသည်။ စကားပြောရင်း စလိုက်နောင်လိုက်ပျော်စရာမို့ ထိုအဖွဲ့နဲ့တော်တော်ရင်းနှီးသွားခဲ့ကြသည်။

တခြားခရီးသွားတွေ ပြန်ကြတာနဲ့ အသွားကိုနားတဲ့သူတွေပါလမ်းမှာဆုံကြသေးသည်။

Perfect love{complete}Where stories live. Discover now