35

3.2K 241 13
                                    

Unicode
မနက်ခင်းနေရောင်ခြည်နွေးနွေးလေး အခန်းထဲဝင်ရောက်လာခဲ့လေသည်။

ကုတင်ပေါ်ကကောင်လေး၂ယောက်ကတော့အိပ်မောကျနေမြဲ.....

နာရီဝက်အကြာ....

...အင်း......အ
ရှောင်ကျန့်နိုးလာပြီးအကြောဆန့်လိုက်မိသည်။

*နေဉီး မနေ့ညကငါ တစ်ယောက်ယောက်နဲ့အိပ်လိုက်တာလား အား... ဘာမှသတိမရတော့ပါလား မဟုတ်မှ ခရစ်များလား*
ရှောင်ကျန့်မျက်လုံးအစုံပွင့်သွားကာ မဟုတ်ပါစေနဲ့ဆုတောင်းရင်း ဘေးတစ်ဖက်ကြည့်လိုက်သည်။

....အား.......

........အုစ်
ရှောင်ကျန်​့လန့်အော်လိုက်ပီးမှ ပါးစပ်ကိုလက်နဲ့အမြန်ပိတ်လိုက်ရသည်။အကြောင်းမှာ တစ်ဖက်ကုတင်အစွန်းမှ တဖက်ကိုလှည့်ကာမှောက်အိပ်နေတာ ယောက်ျားလေးဖြစ်နေလို့ပင်...

*မနေ့ညက ငါ ငါ.. အား ထွက်စမ်း မှတ်မိစမ်း...
... ဒုက္ခပဲ ဘာမှတွေးမရတော့ဘူး*

.....အင်း....
သူ​တွေးနေတုန်းထိုကောင်လေးလှုပ်လာ၍ ရှောင်ကျန့်မျက်လုံးစုံပြန်မှိတ် အိပ်ချင်ယောင်ဆောင်လိုက်သည်။ ရုတ်တရက်ကြီး တစ်ဖက်ကကောင်လေးရဲ့အပြုမူကြောင့် ရှောင်ကျန့်အသက်အောင့်လိုက်မိသည်။
..
..
ရိပေါ်နိုးလာပြီးကြားမှာလွတ်နေတဲ့စောင်ကိုဆွဲမလိုက်ကာကွာဟနေတဲ့ရှောင်ကျန့်ဘက်တိုးပြီးရင်ခွင်ထဲတိုးအိပ်လိုက်ပြီး...

"ကော..နိုးနေတာသိတယ်"

"ဟင်...ရိပေါ်"
ရှောင်ကျန့်မယုံကြည့်နိုင်ပဲ ဖြစ်နေတော့သည်။ အခုသူ့ရင်ခွင်ထဲရှိနေတာ သူ့ကလေးရိပေါ်
ဒါဆို ညကသူနဲ့အတူအိပ်တာ ရိပေါ်ပေါ့...

မဖြစ်နိုင်ဘူး သူရိပေါ်ကို ဟင်အင်းမဖြစ်နိုင်တာ..
နေဉီး...

"ကော..ဘာတွေတွေးနေတာလဲ"

"ဟိုလေ ရိပေါ် ညကကော ရိပေါ်ကို..."

"ရှူး.....မပြောနဲ့"

ရိပေါ်လက်ညှိုးလေး ရှောင်ကျန့်နှုတ်ခမ်းပေါ်ပိတ်လျက်..

"ကျွန်တော် ကောကိုချစ်တယ်"

"ရိပေါ်..."

"ကျွန်တော် သတိရနေပြီ"

Perfect love{complete}Where stories live. Discover now