19

3.2K 236 11
                                    

Unicode
ရှောင်ကျန့်အိပ်မက်လား တစ်ကယ်လားဝေခွဲမရပဲဖြစ်နေသည်။

အိမ်မက်ဖြစ်နေလျှင် အရိပ်လေးရဲ့အချိုမြိန်တဲ့နှုတ်ခမ်းလေး ပျောက်ကွယ်သွားမှာစိုးလိ​ု့မျက်လုံးမဖွင့်ရဲပေ....

ဒါပေမဲ့ ချိုမြိန်တဲ့နှုတ်ခမ်းသားအိအိလေးက လက်တွေ့ဘဝဆိုရင်ရောဆိုတ​ဲ့အတွေးတွေဝင်ရောက်လာတော့ ရှောင်ကျန့်လန့်သွားမိသည်။
ထိုအချိန် ရှောင်ကျန့်ပါးစပ်ထဲသို့ဝင်ရောက်လာသော တစ်စုံတစ်ရာ....

စတော်ဘယ်ရီအရသာအိအိမွှေးမွှေးလေး....
ရှောင်ကျန့်စိတ်ထိန်းမရ၍ကိုက်ချလိုက်မိသည်။

"ဟမ်.."

သူကိုက်လိုက်တဲ့ တစ်စုံတစ်ရာက ၂ပိုင်းပိုင်းသွားပြီ..

ရှောင်ကျန့်လန့်ပြီးမျက်လုံးဖွင့်ကြည့်လိုက်မိသည်။ပက်လက်အနေအထားနဲ့သူ့အပေါ် ငုံ့ကာကြည့်နေတဲ့ အရိပ်လေးရိပေါ်ကို စိုက်ကြည့်နေမိသည်။

"ကော ဗိုက်ဆာလို့လား"

"ဟမ်..ဘာ ဘာပြောတာလဲ "

"ကော ဗိုက်ဆာနေတာလားလို့မေးတာ"

"မဆာပါဘူး...ဘာ ဘာလို့လဲ"

"ကောပဲ သားဂျယ်လီလုစားနေတာလေ"

"အန် ဂျယ်လီဟုတ်လား"

"အွန်း..ကောပါးစပ်ထဲမှာသားရဲ့စတော်ဘယ်ရီ
ဂျယ်လီ ကောမာမီကားထဲမှာတွေ့လို့ သားငုံလာတာ "

အော်..အိအိမွှေးမွှေးလေးကဂျယ်လီတဲ့လား...

"အော်..ဟားဟား... ဟားဟား ဗိုက်မဆာပါဘူး ဂျယ်လီနံ့လေးမွှေးလို့ လုစားမိတာ စိတ်မကောက်ရဘူးနော် ကောပြန်ဝယ်ကျွေးမယ်"

"မကောက်ပါဘူး ကောစားချင်ရင် လုစားစရာမလိုပါဘူး သားကက​ျွေးပါတယ်"

"ဟုတ်ပါပီ အခု  ဘာလာလုပ်တာလဲ"

"ဟုတ်သားပဲ မေ့တော့မလို့"
ရိပေါ်လာရင်းကိစ္စကို အခုမှသတိရသွားကာ ရှောင်ကျန့်ဘေးတွင်ဝင်ထိုင်လိုက်ပြီး....

"ကော သားကိုချစ်လား"

"ဟမ်.."
ဆိုင်းမဆင့်ဗုံမဆင့် ရီပေါ်စကားကြောင့် ရှောင်ကျန့်ကြောင်သွားသည်။ပြီးမှ...

Perfect love{complete}Where stories live. Discover now