15

3.7K 271 11
                                    

Unicode

ရှောင်ကျန့်ပြန်သွားပြီး.....ဘေးကပ်ရပ်နေသည့်ဖန်ရှင်းလဲပြန်သွားလေသည်။ ခန်ယွိနဲ့ လုလုကတော့ လုပ်စရာရှိတာလုပ်နေကြသည်။

ထိုအချိန်အထိရိပေါ် စကားတစ်ခွန်းမှမပြောသေးပဲငိုင်နေသည်။ ဝမ်လျိုကျားသားဖြစ်သူကိုကြည့်ကာ..

"သား ဘာဖြစ်လို့လဲ နေလို့မကောင်းဘူးလား ဒယ်ဒီကိုပြောလေ"

"ဒယ်ဒီ.."

"အင်း ပြောလေ"

"သား ကျန့်ကောနဲ့သွားနေချင်တယ်"

"ဟင်..."

"သားကိုလိုက်ပို့နော် ကျန့်ကောလိပ်စာပေးထားတယ်"

"သား အဲဒါက သားကနေကောင်းသေးတာမဟုတ်ဘူး ဒီမှာပဲအနားယူပါလားသားရယ် "

"ဟင့်အင်း သားကောနဲ့ပဲနေချင်တာ ဒီမှာနေချင်ဘူး"

"သားရယ် ရှောင်ကျန့်ကတစ်ယောက်ထဲနေတာ သူဆေးရုံသွားတဲ့အချိန်ဆိုသားတယောက်ထဲ ဘယ်လိုနေမလဲ"

"အဲဒါဆို သားကျန့်ကောဆီသွားနေမယ် ကျန့်ကောဆေးရုံသွားရင် ကောမာမီဆီသွားမယ်ဒယ်ဒီဆီလာမယ် နော်နော်"

"ဟင်း...သားရယ်"

"ဒယ်ဒီ ကောကောကိုတားမနေပါနဲ့ လုလုတို့လဲ သွားလည်လို့ရတာပဲ အဝေးကြီးမှမဟုတ်တာ"

"အဲဒါဆိုလဲပြီးရော..သားလိမ်လိမ်မာမာနေနော်
တိုက်ခန်းဆိုတော့နဲနဲကျဉ်းတယ် အရုပ်တွေယူမသွားနဲ့တော့ ရှောက်ကျန့်အပေါ်မဆိုးရဘူးနော်"

"ဟုတ် ယွိကော..သားကိုလိုက်ပို့ သွားမယ်"

"ဟင်..အခုလား"

"ဟုတ် ကောအိမ်ရောက်ရင် ကောကိုအံ့သြသွားအောင်လုပ်မလို့ ဟိဟိ"

"အမလေးနော် လုလုက ကောကောပြန်လာလို့ ပျော်ရမလား အောက်မေ့တယ် သူကရှောင်ကောကောဆီသွားနေမယ်တဲ့ ဟွန့်..."

"ကဲပါ ပြောမနေနဲ့တော့ သွားတော့မယ် ဒယ်ဒီ တာ့တာ လုလုတာ့တာ.."
မသွားရမှာစိုးရိန်တာကြောင့် အလျင်အမြန်ပဲနှုတ်ဆက်ကာကားပေါ်တက်ထိုင်နေသည်။

"ဒယ်ဒီ လုလုပြောတယ်မလား ကောကောကမနေဘူးလို့"

"အင်း ဒယ်ဒီသမီးမှန်တယ်"
အခြေနေတွေ့ကိုကြိုတင်မှန်းထားပြီးသားမို့သဘောတူပေးလိုက်သည်။

Perfect love{complete}Where stories live. Discover now