36

3K 231 12
                                    

Unicode
ဆေးရုံတွင် ကမ္ဘာပျက်နေတဲ့လူတစ်ယောက် ရုံးခန်းထဲ၌ ရေ​ှ့နောက်မရေတွက်နိုင်အောင်လျှောက်နေတော့သည်။

"ရှောင်ကျန့်ခုထိမရောက်သေးဘူး....ကျစ် ချဲ့လျန်နင်သာမဖျက်စီးခဲ့ရင် ငါ့အစီစဉ်တွေအောင်မြင်မှာ ဒီမနက်ခင်း ရှောင်ကျန့်နဲ့အတူနိုးထခဲ့တာ ငါဖြစ်နေမှာ အခုတော့...."

ခရစ်စိတ်လျော့လိုက်ကာ....

"ချဲ့လျန်...."

"........"

"ချဲ့လျန်....."

"........"

..ဂျလောက်...
တံခါးဖွင့်သံကြားလိုက်တော့ ခရစ်ဒေါသထွက်စွာ..
"တောက် ဘယ်တွေသွားနေတာလဲ ငါခေါ်ရင်တစ်ခါထဲလာရမယ်လို့ ပြောမထားဘူးလား...ဟင်"

ကျောပေးကာပြောနေရင်းနဲ့နောက်လှည့်ကြည့်လိုက်တော့ သူထင်သလို ချဲ့လျန်မဟုတ်ခဲ့...

"ဝမ်ရိပေါ်"

"အဟခ်... အရင်လို ရိပေါ်လေးလို့ခေါ်ပါဉီးလား"

"မင်းဘာလာလုပ်တာလဲ"

"ကျဲမေ့သွားပီလား သတိမရတော့တာလား ဒါဆိုရင်တော့ပြန်ပြောပြရမှာပေါ့"

"မနေ့ညက ကျဲ ကျန့်ကောကိုဆေးခတ်ပြီး"

"တော်တော့....."
ခရစ်လက်ကာပြီး ပြောတော့ ရိပေါ်ရပ်တန့်လိုက်ကာ တည်ငြိမ်စွာပဲမေးလိုက်သည်။

"ဘာလို့လဲ"

"...."

"မေးနေတယ်လေ ဘာလို့လဲလို့"

"ရှောင်ကျန့်ကို လိုချင်လို့"

"အဲဒါနဲ့ပဲအရှက်မရှိ ဆေးခတ်ယူလိုက်တယ်ပေါ့"

"မင်း....ဟားဟား မင်းကများငါ့ကိုလာပြောနေသေးတယ် နိုင်ငံခြားမှာကြီးပြင်းလာတဲ့ မင်းကတော့ထားပါတော့ ရှောင်ကျန့်ကရော မင်းကိုလက်ခံမယ်ထင်လို့လား...."

"အင်း"

"မင်း ဘာပြောတယ်"

"အင်းလို့ ထင်တယ်လို့ မဟုတ်ဘူး လက်ခံတယ်"

ရီပေါ်စကားကြောင့် ခရစ်ငြိမ်သွားတော့သည်။

"ခများကို ကျွန်တော်အပြစ်ပေးချင်တယ် ဒါပေမဲ့ ကောကပြောတယ် ခများကသနားဖို့ကောင်းတယ်တဲ့ သူလဲလွန်လွန်ကြူးကြူးမဖြစ်ခဲ့ဘူး ဒါကြောင့် ဒီတခါတော့ထားလိုက်တော့တဲ့"

Perfect love{complete}Where stories live. Discover now