22

2.9K 209 11
                                    

Unicode
ချိုမြိန်တဲ့အနမ်းတွေနဲ့စတင်ခဲ့တဲ့နေ့တစ်နေ့...
ရိပေါ်နားမလည်ပေမဲ့ ရှောင်ကျန့်အတွက်ပထမဆုံးချစ်သူဖြစ်တဲ့နေ့....

ရှောင်ကျန့်တို့၂ယောက် ပြင်ဆင်ပြီး မြို့ထဲထွက်ခဲ့ကြသည်။ Shopping centerရောက်တော့ ရိပေါ်အတွက်အဝတ်အစားတွေဝယ်ရင်း သူ့အတွက်ပါလိုအပ်တာဝယ်သည်။ နေ့လည်စာကိုcenterအောက်ထပ်ရှိစားသောက်ဆိုင်မှာဝင်စားကြသည်။

"ရိပေါ် ဝပြီလား ဘာစားဉီးမလဲ"

"ဟင့်အင်း..စားတော့ဘူး ဗိုက်ပြည့်သွားပီ"

"အင်း ပြီးရင်သွားရအောင် ရိပေါ်ကိုဝယ်ပေးစရာရှိတယ်"

"ဘာလဲ ဘာဝယ်ပေးမှာလဲ စကိတ်လား legoရုပ်လား"

"ဟာ အဲဒါတွေ ရိပေါ်အိမ်မှာပုံနေပြီလေ ဘာလုပ်မှာလဲ"

"ဟုတ်သားပဲ ခုသွားမယ် ထ ထ"

ရှောင်ကျန့်လက်ကိုဇွတ်ဆွဲထခိုင်းတဲ့ ရိပေါ်ကိုကြည့်ပြီး ရယ်လိုက်မိသည်။ ကလေးကဇွတ်ပါလား....

သူ့ကလေးအတွက်လိုအပ်မည့်အရာမို့. ရှောင်ကျန့်ကားလေးကို တစ်နေရာဉီးတည်မောင်းလိုက်သည်။ ၅မိနစ်ခန့်မောင်းပြီးသော်..သူ့သူငယ်ချင်းဖွင့်ထားသော You & Me Mobile Company & Showroom ရောက်ရှိလာခဲ့ကြသည်။

"ရိပေါ် ရောက်ပြီ ဆင်းရအောင်"

ရိပေါ်ကိုခေါ်ကာ
ဆိုင်ထဲဝင်လာလိုက်သည်။

"ဟား...Drကြီး မလာတာကြာပြီနော် မျက်စိလည်လာတာလား"

"မဟုတ်ပါဘူးဗျာ သက်သက်လာတာပါ ကျွန်တော့ညီလေးအတွက် ဖုန်းတစ်လုံးလောက်လိုချင်လို့ပါ"

"Aww...ဟုတ်ကဲ့ ဘယ်အမျိုးစားထဲကကြည့်မလဲ"

"နောက်ဆုံးပေါ်တာလေးပေါ့..."

"အကောင်းဆုံးကိုပြပေးပါ့မယ် လာပါ ထိုင်ပါဉီး အအေးသုံးဆောင်ကြပါဦး အေးဆေးပေါ့ဗျာ"

"အိုခေ"

ဆိုင်ရှင်ရဲ့ကလေးကတစ်ချိန်ကရှောင်ကျန့်ရဲ့လူနာဖြစ်ဖူးတာကြောင့် ရင်းနှီးသွားခဲ့ပြီး ဖုန်းကုမ္ပဏီဖွင့်ထားသည်မို့ ဖုန်းနဲ့ပတ်သက်ရင် သူ့ဆီပဲရောက်တတ်သည်။

Perfect love{complete}Where stories live. Discover now