18

3.2K 219 16
                                    

Unicode

ရှောင်ကျန့်ဆေးရုံရောက်တော့ကားပါကင်ထိုးပြီး  ဌာနဘက်ကိုလျှောက်လာခဲ့သည်။ စိတ်ထဲတစ်မျိုးဖြစ်နေ၍ ဘေးဘယ်ညာကိုဘာမှန်းညာမှန်းမသိ ကြည့်မိသည်။ ဆရာမတွေ ပြုံးစိစိနဲ့ကိုယ့်ကိုကြည့်ကာ တတွတ်တွတ်ပြောနေသယောင်ထင်ရသည်။

ရှောင်ကျန့်အရေးလုပ်မနေပဲ ရုံခန်းထဲသာဝင်လာလိုက်သည်။

"ရှောင်းရှောင်ကျန့်"

"အမ​လေး လင်းယီရယ် လန့်လိုက်တာ ဘယ်နဲ့ကြောင့်အော်နေရတာလဲ"

"နင်ပြောတော့ ငါကနင့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဆို"

"အင်းလေ ဟုတ်တယ်လေ"

"အခုကိစ္စကြတော့ငါတောင်မသိလိုက်ရပါလား..ဟမ်"

"လင်းယီ ငါ့ကိုရှင်းအောင်ပြောစမ်းပါဟာ"

"နင်နဲ့မနေ့ကမှ မိတ်ဆက်ပေးတဲ့MDကိစ္စလေ"

"အမ်..လုပ်ပြီ အဲထက်ရှင်းအောင်ပြော"

"နင် သိရဲ့သားနဲ့ ငါ့ကိုမုန်လာဉလုပ်နေတာလား"

"ငါကဘာကိုသိရမှာလဲ ခုမှဆေးရုံရောက်တာလေ ဆရာမတွေပြုံးစိစိနဲ့ငါ့ကိုလိုက်ကြည့်နေထဲက တခုခုပဲတွေးမိသေးတယ် ငါ့ကိုရှင်းအောင်ပြောစမ်းပါဆို"

"ဟင်း...နင်တောင်မသိဘူး...ဒါဆိုသက်သက် လုပ်ကြံပြောတာပေါ့"

လင်းယီကစိတ်အေးသွားဟန် ထိုင်ခုံပေါ်ထိုင်ချကာ...
"ငါဆေးရုံရောက်တော့ ဘာတွေပြောနေတာကြားရတယ်ထင်လဲ"

"အင်း ပြောစမ်းပါဉီး.."

"နင်နဲ့ဟိုMDခရစ်စတယ်နဲ့ တွဲနေကြတာတဲ့ မနေ့ကနင့်ကားနဲ့သူ့ဟော်တယ်ကိုပြန်သွားကြတာတဲ့လေ ငါသဘောမတူဘူး ဟွန်း...သူ့ပုံစံကြီးကိုကြည့်မရပါဘူးဟာ"

"ဟာ..ဘယ်သူပြောတာလဲ အဲသီတင်းက"

"အရင်းမြစ်တော့မသိဘူး တစ်ယောက်တစ်ပေါက်နဲ့ ဆေးရုံမှာကြော်နေတာပဲ"

"ငါ့ကားနဲ့သူ့ဟော်တယ်သွားတာတော့မှန်တယ်"

"ဘာ..နင်...နင်"

"ကဲ..လင်းယီပြောတာသေချာနားထောင်ပါဉီး... မနေ့ကငါ​ပြန်တော့ ပါကင်မှာသူနဲ့ငါတွေ့တယ်
သူ့ကားဘာဖြစ်မှန်းမသိဘူးတဲ့........."

Perfect love{complete}Where stories live. Discover now