23

2.8K 213 4
                                    

Unicode

ဝမ်လျိုကျား ခရစ်ပြောသွားတာတွေကိုစဉ်းစားရင်း အကိုဖြစ်သူထံဖုန်းဆက်လိုက်သည်။

"Hello...ကော"

"အင်းဘာကိစ္စလဲ"

"သားလေးကိစ္စတိုင်ပင်ချင်လို့ ဖုန်းဆက်လိုက်တာ...မာမီရောနေကောင်းရဲ့လား"

"အင်း...ရိပေါ်ကိုတော့မေးနေတယ် သူ့ဆီဖုန်းမဆက်လို့တဲ့"

"အင်း ကော. ကျွန်တော်အသိDr.ကပြောတယ် ရိပေါ်ရောဂါကို သူအနေများတဲ့ပတ်ဝန်းကျင် အမှတ်တရတွေရှိတဲ့နေရာဆီမှာ ကုတာပိုကောင်းမယ်တဲ့.."

"အင်း..ဒီမှာဆိုသူအမှတ်တရတွေပိုများမယ်ထင်တယ်..ဆိုင်ကယ်ပြိုင်ပွဲတွေ စကိတ်ပြိုင်ပွဲတွေ.."

"အင်း ကျွန်တော်လဲထင်တယ် အဲဒါကြောင့် သားကိုအဲမှာဆက်ကုရမလားလို့ပါ ပြီးတော့ ကျွန်တော့်အပြစ်တွေကို မာမီရော ကော ဆီမှာပါ ဝန်ချတောင်းပန်ချင်တယ်"

"........."

"ကျွန်တော်တို့မိသားစုလေးတကွဲတပြားဖြစ်မနေချင်တော့ဘူး...ကော ကျွန်တော်မှားခဲ့ပါတယ် ခွင့်လွှတ်ပေးပါ"

"......"

"ကျွန်တော် သားကိုခေါ်ပြီး လာခဲ့မယ်နော်"

"အင်း..လာခဲ့လေ"
အကိုဖြစ်ရဲ့လက်ခံစကားကြောင့် ဝမ်လျိုကျားဝမ်းသာစွာမျက်ရည်ကျမိတော့သည်။

"ကျေးဇူးပါ ကော"

ဒေါက်...ဒေါက်

"ဉီးလေး"

"အော် ချန်ယွိ"

"ရိပေါ်နဲ့ ရှောင်ကျန့် အိမ်ရောက်နေတယ်တဲ့"

"ဟုတ်လား အစ်မအန်းဆီဖုန်းဆက်လိုက် ရိပေါ်ရော ရှောင်ကျန့်ပါ အိမ်မှာညစာစားမှာမို့ နဲနဲပါးပါးကြည့်ချက်ထားလိုက်ပါလို့"

"ဟုတ်ကဲ့"

"အင်း အရေးကြီးကိစ္စမရှိရင် ဉီးလေးသွားစရာနေရာရှိသေးတယ် မင်းပြီးရင်ပိမ်တန်းပြန်လိုက်တော့ ဟုတ်ပြီလား "

"ဟုတ်ကဲ့"

ဝမ်လျိုကျားလိုအပ်တာတွေယူပြီး စန်းချန်ကိုချန်ယွိနဲ့ပြန်ရန်ပြောကာ ကားပါကင်ဆင်းလာလိုက်သည်။

Perfect love{complete}Where stories live. Discover now