50

2.6K 193 4
                                    

Unicode
ချန်ယွိနဲ့လင်းယီဘယ်လိုမှမထင်ထားတဲ့အဖြေကြောင့် ဘာမှဆက်မပြောနိုင်ပဲ အံသြနေတော့သည်...

ရိပေါ်မှမနေနိုင်တော့ပဲ...
"ဘွား..ဒယ်ဒီ ဘာလို့လဲ"

"မြေးလေး ဘွားနဲ့မြေးဒယ်ဒီကတော့ လိုက်မတောင်းပေးနိုင်ဘူး"

"ဟုတ်တယ်ရိပေါ်.... ချန်ယွိ ဉီးလေးတို့လိုက်မတောင်းပေးနိုင်ဘူး"

ချန်ယွိမျက်နှာသိသိသာသာပျက်ယွင်းသွားသည်။လင်းယီကလဲ ဘာကြောင့်မှန်းမသိ၍ ချန်ယွိလက်ကိုဆုပ်ကိုင်ကာ ကြောက်ရွံ့နေမိသည်။

ဝမ်လျိုက​ျားကချက်ခြင်းပဲရုပ်ပြောင်းသွားကာ...

"မင်းဒယ်ဒီကိုယ်တိုင်လိုက်တောင်းပေးမှရမှာပေါ့"

ဘွားကလဲပြုံးကာ..
"မြေးမလေးကို မြေးရဲ့မိဘတွေကိုယ်တိုင်လိုက်တောင်းပေးလိမ့်မယ် ဟုတ်ပီလား ဘွားဒီတပါတ်ထဲပြန်မယ် ချန်ယွိပါတခါထဲလိုက်ခဲ့ အကျိုးကြောင်းပြောပြလိုက်ပေါ့"

ဘွားနဲ့ဉီးလေးစကားကြားတော့မှ ချန်ယွိသက်ပြင်းချက်က ဝမ်းသာအားရ ဘွားကိုပြေးဖက်လိုက်မိသည်။
"ကျေးဇူးပါ ဘွား.. ဉီးလေး"

"ဒါကြောင့် ရိပေါ်က ဒီနှစ်ထဲမင်္ဂလာကိစ္စရှိကိုရှိတယ်ပြောတာကို..."

အခုမှပဲ အကုန်လုံးဝမ်းသာစွာ ရယ်မောလိုက်ကြတော့သည်။ထပ်ပြီးအံ့သြရသည်က...ဘွားကရုတ်တရက် ရှောင်ကျန့်လက်ကိုဆုပ်ကိုင်လိုက်ပြီး..

"ဘွားရဲ့အမှားတွေကိုခွင့်လွှတ်ပေးပြီး ဘွားပြောခဲ့တာတွေကို နားလည်ပေးလို့ကျေးဇူးတင်ပါတယ်"

"ဘွားကိုအပြစ်မမြင်ပါဘူး ရိပေါ်နဲ့ကျွန်တော်ကိုခွင့်ပြုပေးလို့ ဘွားကိုကျေးဇူးတင်ပါတယ် သူ့ကိုသွန်သင်စောင့်ရှောက်သွားပါ့မယ်လို့ဂတိပေးပါတယ် ဘွား"

"အင်း အင်း"
ဘွားကရှောင်ကျန့်ကိုဖက်ရင်း မျက်ရည်ကျနေတော့သည်။ ကြည့်နေတဲ့သူတွေကလဲ ကြည်နူးမှုအပြည့်....

.....
.....
.....
နေရောင်ခြည်နွေးနွေးလေးအခန်းထဲတိုးဝင်လို့လာခဲ့သည်။ အမြဲလိုလိုရှောင်ကျန့်ကအရင်နိုးပေမဲ့ တခါတလေရိပေါ်အရင်နိုးတဲ့နေ့ဆို ရင်ခွင်ထဲအိပ်နေတဲ့ကောမျက်နှာအနှံ့နေရာလပ်မကျန်အောင် လိုက်နမ်းနေတော့သည်။

Perfect love{complete}Where stories live. Discover now