10

4.1K 306 6
                                    

Unicode

*W Com.ltd*

"Hello ဘာများကူညီပေးရမလဲရှင့်"

"ဝမ်လျိုကျားနဲ့တွေ့ချင်လို့ပါ.."

"သူဌေးနဲ့လား ကြိုချိန်းထားပြီးသားလားရှင့်"

"မချိန်းရသေးပါဘူး အရေးကြီးလို့ပါ"

"ဟုတ်ကဲ့ ခဏလေးစောင့်ပါနော် အကြောင်းကြားပေးပါ့မယ်"

ဧည့်ကြိုကောင်တာကကောင်မလေးဖုန်းဆက်အကြောင်းကြားနေသည်ကို ရပ်စောင့်နေလိုက်သည်။

"ရပါပီရှင့် ၈လွှာကိုတက်သွားပေးပါနော် အတွင်းရေးမူးကိုအကြောင်းကြားထားပါတယ်"

"ကျေးဇူးပါနော်"

မ​ျှော်လင့်ချက်အပြည့်ဖြင့်၈လွှာကိုတက်လာလိုက်သည်။ဓာတ်လှေကားတံခါးပွင့်သွားတော့ သူ့ကိုစောင့်နေတဲ့ချန်ယွိကိုတွေ့လိုက်ရသည်။

"ချန်ယွိ...လျိုကျားရှိလား"

"ဟုတ်ကဲ့ ရှိပါတယ် ကျွန်တော်နဲ့လိုက်ခဲ့နော်"

ချန်ယွိဉီးဆောင်ရာနောက်သိုလိုက်ခဲ့လိုက်သည်။ အခန်းရှေ့ရောက်တော့ ချန်ယွိကတံခါးခေါက်လိုက်ကာ....

"ဉီးလေး...ဧည့်သည်တစ်ယောက်ကတွေ့ချင်လို့တဲ့"

"ဝင်ခဲ့ခိုင်းလိုက်"

ချန်ယွိအခန်းတံခါးဖွင့်ပေးလိုက်ပြီး အသာပြန်စေ့ကာ အလုပ်ခန်းထဲပြန်ဝင်ပြီး စာ​ရေးမလေးကို အအေး၂ခွက်ပို့ခိုင်းလိုက်သည်။

............
အခန်းထဲရောက်တော့ စားပွဲပေါ်ထိုင်နေတဲ့လျိုကျားသူ့ကိုမကြည့်သေးပဲ စာရွက်ပေါ် လက်မှတ်ထိုးရင်း.....

"ထိုင်ပါဉီး ကျွန်တော်နဲ့တွေ့ချင်......."

"လျိုကျား"

"ဟင် ဟွာရှင်း မင်း မင်းဘာလာလုပ်တာလဲ"

"လျိုကျား ငါနင်နဲ့စကားပြောချင်တယ် "

"ဘာအကြောင်းမှပြောစရာမရှိဘူး ထွက်သွား မင်းမျက်နှာငါမကြည့်ချင်ဘူး"

"လျိုကျား ငါပြောတာနားထောင်ပေးပါဉီး ငါရှင်းပြပါရစေ..ခဏလေးပါပဲဟာ"

Perfect love{complete}Where stories live. Discover now