Unicode
ရှောင်ကျန့်တိုက်ခန်းလိပ်စာတင်မက အချိန်မရွေးဝင်ထွက်နိုင်ရန်လျို့ဝှက်နံပါတ်ပါပေးခဲ့သောကြောင့် ရိပေါ်အတွက်အဆင်ပြေသွားတော့သည်။
ရိပေါ်ရှောင်ကျန့်အခန်းထဲကိုလိုက်ကြည့်လိုက်ပြီး....
"ဟမ်း....ဘာပစ္စည်းမှမရှိဘူး "
"ရိပေါ် တကယ်နေလို့အဆင်ပြေပါ့မလား "
"ယွိကော..သားတို့စျေးဝယ်သွားကြမယ်"
"အခုချက်ချင်းလား ရိပေါ် ရှောင်ကျန့်ကိုပြောပြီးမှ.."
"ကောကို surpriseလုပ်မလို့ပါဆို အချိန်မရှိဘူး မြန်မြန် လာ"
"ဟား...အရင်ကအေးတိအေးစက်ရိပေါ်ကြီးထက်ပိုကောင်းလာမလားတွေးနေတာ ပိုဆိုးနေပါလား လာပီ လာပီ"
ရိပေါ်တို့လိုအပ်တာတွေဝယ်ခြမ်းပြီး အခန်းပြန်ကာ ပစ္စည်းများနေရာတကျထားလိုက်သည်။
ချန်ယွိကဒိုင်ခံလုပ် ရိပေါ်ကထိုင်ပြီးချရမဲ့နေရာလက်ညှိုးထိုးပြနဲ့ အားလုံးအစီအရီပြီးသွားလေသည်။"ကဲရိပေါ်..ပြီးပြီ ကောလဲမောပြီ... ရှောင်ကျန့်နဲ့တိုင်ပင်ပြီးမှဝယ်ထည့်ရင် ပြီးနေတာပဲကို ငါပဲမောတယ်..."
"ယွိကောကလဲ ဒါပဲပြောနေတာပဲ သားပြောပြပြီလေ ကောပြန်လာရင်အံ့သြသွားအောင်လို့ပါဆို"
"သားဗိုက်ဆာတယ် ခုဏကဝယ်လာတဲ့ပန်းသီးလေးခွဲပေးပါလားဟင်"
"ဟမ်...အော အေး အေးပါကွာ"
"ဟိဟိ..."
.........................
ရှောင်ကျန့်..လူနာလှည့်ကြည့်ပြီးတော့ ရုံးခန်းပြန်ကာ အလုပ်ဆက်လုပ်နေသည်။
ဒေါက်...ဒေါက်...
"Dr.ရှောင်..ဆေးရုံအုပ်ကလူစုခိုင်းတယ်""ဟုတ်ကဲ့ ဆရာမ လာပြီ လာပြီ"
*ဘာအရေးကြီးကိစ္စလဲမသိဘူး*
"ရှောင်ကျန့် ဆေးရုံအုပ်လူစုခိုင်းတယ်ဆိုလို့ ဘာကြောင့်လဲသိလား"
"နင်တောင်မသိတာ ငါကဘယ်လိုလုပ်သိမလဲ လင်းယီ"
"ဟွန်း..."