28

2.7K 221 23
                                    

Unicode

သာယာတဲ့မနက်ခင်းလေးတစ်ခု  ခါတိုင်းလိုနှိုးစက်သံကြောင့်မဟုတ်ပဲ ကျေးငှက်တွန်ကြူးသံနဲ့အတူနိုးထလာတဲ့ရှောင်ကျန့်...

လက်မောင်းကိုခေါင်းဉီးအိပ်နေသော လုံးလုံးလေး၏ လက်ကိုဆွဲယူရင်းသူ့လက်နဲ့ယှဉ်ကြည့်လိုက်ကာ...

"ကောက ကလေးအပိုင်ပါ..ဒီလက်စွပ်လေးကို ကောဘယ်တော့မှမချွတ်ဘူး ကတိပေးပါတယ်..
ကလေးပြန်လာတာကိုကောစောင့်နေမယ်နော် ကောကိုမေ့မသွားဘူးမလား"

"တကယ်လို့ အသိစိတ်ကမေ့သွားခဲ့ရင် နှလုံးသားထဲကတော့သတိရပေးပါနော် ကောရဲ့ကလေးလေး ကောနားပြန်လာပေးပါနော်"

ရှောင်ကျန့်ရိပေါ်ကိုတင်းကြပ်စွာဖက်ထားမိသည်....၅မိနစ်ခန့်ကြာမှ ရှောင်ကျန့်ရေချိုးခန်းထဲဝင်ရတော့သည်။

ရိပေါ်ကိုဆေးရုံခေါ်သွားပြီး အပြင်မှာပဲ မနက်စာစားဖို့စဉ်းစားထားတာမို့ မနက်စာမပြင်တော့ပေ...

ရိပေါ်ကိုနှိုးရန် လုပ်ရတော့သည်။

"ရိပေါ်...ရိပေါ်လေး"

"အွန်း..."

"ဆေးရုံလိုက်မယ်မလား ထတော့လေ"

"ဟုတ်"

! ဟုတ်ဆိုပြီး ကုန်းရုံးထကာ ရေချိုးခန်းထဲဝင်သွားတဲ့ရိပေါ်ကို အံ့သြနေမိသည်။

*ထူးဆန်းလိုက်တာ ခါတိုင်းနှိုးကခက်တဲ့ကလေးက ချက်ခြင်းကြီးပါလား*

ရိပေါ်ပြင်ဆင်ပြီးသွားတော့ ကားနဲ့ထွက်လာကာ
လမ်းမှာမနက်စာဝင်စားပြီးမှ ဆေးရုံလာခဲ့လိုက်သည်။

ဆေးရုံရောက်တော့..
"ကော...စူးစူးဆီသွားမှာလား"

"အင်း ခဏနေသွားကြည့်ရမယ် ဘာလို့လဲ"

"သားလိုက်မလို့ "

"ရိပေါ်ကစူးစူးကိုတွေ့ချင်လို့လား"

"ဟုတ်"

"အင်း ကော နဲ့အတူသွားမယ်နော်"

"ရေး..."

ရိပေါ်ပျော်မြူးကာ ခုန်စွခုန်စွနှင့်ရှေ့ကပြေးနေတော့သည်။

စူးစူးအခန်းကိုရောက်တော့ ရှောင်ကျန့်က အရင်ဝင်လိုက်ပြီး...

Perfect love{complete}Where stories live. Discover now