ဂျီမင် ထယ်ယောင်း အိပ်ယာပေါ်မှ ပစ်လှဲလိုက်ရင်း

" ကောင်းလိုက်တာ ငါရဲ့ ထယ်ယောင်းတောင် ချစ်သူတွေ ဘာတွေ ရှိနေပြီး"

"မင်းကော့ မရှိဖူးလား "

"ဟင့်အင်း ငါတစ်ဖတ်သတ်ချစ်ရတဲ့သူတော့ ရှိတယ် "

"ဟင့် ဟုတ်လား ဘာလဲ သူက ပြန်မကြိုက်လို့လား"

"အင်း သူမှ သူချစ်ရတဲ့လူက ရှိပြီးသား"

ထယ်ယောင်းကော့ ဂျီမင်အနားမှ ပစ်လှဲလိုက်ရင်း

"စိတ်မကောင်းမဖစ်ပါနဲ့ ငါမင်းကို  ဂရုစိုက်ပေးမှာပေါ့ ငါမင်းကို စောင့်ရှောက်ပေးမယ်"

"ဟင့်.. မင်းဘာသာမင်းပဲ စောင့်ရှောက်ပါ မင်းချစ်သူပဲ မင်းဂရုစိုက်"

"ငါအတွက် ချစ်သူထက် မင်းက ပိုအရေးကြီးတယ် "

"မင်းရည်းစား ငါကို ပါးရိုက်အောင် မလုပ်ပါနဲ့ "

ထယ်ယောင်းမျက်နှာ တစ်ချက်ဆူပုတ်လိုက်ရင်း

"ဘာလို့သူက မင်းကို ပါးရိုက်ရမလဲ  တော်တော့  အခုမှ ငါတို့ ပြန်တွေ့တာ ငါတို့နှစ်ယောက်အကြောင်းပဲ"

ဂျီမင် အိပ်ယာပေါ်ကနေ ထယ်ယောင်းရဲ့ အခန်းကို မျက်စိနဲ့မြင်နိုင်သမျှ လိုက်လျှောက်ကြည့်လေသည်။

"ထယ်ယောင်း မင်းအခန်းက ဘာမှ မပြောင်းလဲသလိုပဲ "

"အင်း ငါက အပြောင်းအလဲ သိပ်မကြိုက်ဘူး ဒါကြောင့် မပြောင်းတာ"

"ဪ"

"ဂျီမင် အပေါ်ကို မော့ကြည့်လိုက် "

"အင်း"

"ဘာတွေ့လဲ"

" ဟင့်အင်း  ဘာမှ မတွေ့ဘူး "

ဂျီမင်ပြောတော့ ထယ်ယောင်းသူအနားက လမုလေးကို လှမ်းယူပြီး နှိပ်လိုက်သည်။
ခေါင်းမိုးလေး ဖွင့်လာပြီး  နေရောင်ခြည်တွေ သူတို့နစ်ယောင်အပေါ် ကျလာလေသည်။

လှပတဲ့ ကောင်းကင်ပြာလေး‌ေတွ တိမ်တိုက်လေးတွေ ပျံသန်းနေတဲ့ ဌက်က‌လေးတွေ

"ထယ် မင်းဘယ်တုန်းက "

ဂျီမင် ငယ်ငယ်တုန်းက အိပ်ယာပေါ်ကနေ ကောင်းကင် ပြင်ကို ကြည့်ချင်တယ် ဆိုလို့
ဂျီမင် မရှိတော့တဲ့ အချိန်ကျမှ  လုပ်နိင်ခဲ့လေသည် ။

Fools ... ( Complete)Opowieści tętniące życiem. Odkryj je teraz