အခန်း - ၈၅

Start from the beginning
                                    

"သူတို့ကို တာ့ချူဆီ ဘယ်တုန်းကတည်းက လွှတ်လိုက်တာလဲ"

"အရင်လလယ်လောက်ကပါ"

"ဒီကိစ္စက ကျုန်းယွမ်သိုင်းလောကနဲ့ ပတ်သက်နေသေးလား"

ချိုးကျီက ခေါင်းခါလိုက်၏။

"ပတ်သက်မှု မရှိဘူး။ အရင်တစ်ခေါက်လည်း အရေးနိမ့်ခဲ့တာမို့ အပြင်လူတွေကို ယုံကြည်ကိုးစားလို့ မဖြစ်တော့တာပါ။ ကိုယ့်လူအချင်းချင်းကမှ ပိုပြီးယုံကြည်ရတာလေ"

"ဒီတစ်ခေါက်လုပ်ကြံဖို့အပြင် တခြားဘယ်လိုအကြံအစည်တွေ ရှိသေးသလဲ"

"နည်းပြဝမ်ရဲ့ မေးခွန်းတွေက အတော်လေးများနေပြီနော်"

ချိုးကျီက စိတ်အနှောင့်အယှက်ဖြစ်စွာ ဆိုလာသည်။

"အမှုကိစ္စတစ်ခုကို လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ပတ်သက်နှီးနွယ်သမျှ အရာရာတိုင်းကို သေချာနားလည်အောင် မေးမြန်းရပါမယ်"

ချိုးကျီက မျက်ဝန်းများကို ပြန်ပိတ်လိုက်ကာ -

"နည်းပြဝမ် သိချင်တာတွေရှိလာရင် သခင်ကြီးဆီမှာ အခွင့်အလမ်းရှာပြီးတော့ပဲ မေးလိုက်ပါ။ ကျွန်တော် ပြောမပြနိုင်တဲ့အတွက် အနူးအညွှတ် တောင်းပန်ပါတယ် - "

သူ့စကားမဆုံးလိုက်ခင်မှာတင် လည်ပင်းထက်ဝယ် အေးစက်သော အရာဝတ္ထု လာတင်လိုက်သည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် ချိုးကျီ၏ မျက်ဝန်းများ ဖျတ်ခနဲ ပြန်ပွင့်လာ၏။

သွမ့်ပိုင်ယွဲ့၏မျက်ဝန်းများလည်း ထိုဓားသွားကဲ့သို့ စူးရှထက်မြက်နေပေသည်။

ချိုးကျီလည်း တစ်ခုခု မူမမှန်ကြောင်း ချက်ချင်းနားလည်သွားသဖြင့် ခုခံလှုပ်ရှားရန်ကြံလိုက်သော်လည်း လက်နှစ်ဖက်စလုံးက မလှုပ်ရှားနိုင်တော့။ ထောင်သောင်းမကသော ဓားသွားများက သူ့သွေးကြောများထဲ ထိုးနှက်မွှေနှောက်နေသကဲ့သို့ ခံစားလိုက်ရကာ တဖြည်းဖြည်းနှင့် အသိဉာဏ် ဝေဝါးလွင့်ပြယ်လာ၏။

သွမ့်ပိုင်ယွဲ့က လက်ထဲမှ ကူပိုးကောင်များကို လွှင့်ပစ်လိုက်သည်။ ထို့နောက် သူ့မျက်နှာကို ဖုံးအုပ်ထားသော အဝတ်စကို ဖယ်ရှားလိုက်သည်။ ချိုးကျီက သွမ့်ပိုင်ယွဲ့ မျက်ဝန်းများအား စေ့စေ့ကြည့်လာ၏။ ထို့နောက် နှလုံးသားတစ်ခုလုံးမှာ ချက်ချင်းပင် ထိတ်လန့်ပြာဝေသွားရလေသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now