အမလေး အိုမားရေ....နာလိုက်တာ...နာထားတာဆိုတာ မျက်ရည်တောင် ဘူးသီးလုံးလောက်ကျသည် ......မျက်ရည်လေးတွေမြင်ပြီး သနားများသနားသွားမလားလို့....

ကဲ...ဉုံ...မျက်ရည်လေးမြင်ပြီး သနားသွားစေ....

"အေးအေး သားရယ် တော်တော်နာနေရင်လည်း ဆရာမဆေးခန်းလိုက်ပို့ပေးမယ်လေ...ပြီးတော့ အဆောင်ပြန်ပြီး နားနေလိုက်ပေါ့....."

ဟိုက်!!...ဆေးခန်းသွားရင် ငါလုပ်တာတွေ ပေါ်ကုန်မှာပေါ့....ဟိုသကောင့်သားလေးကျန်းချန်ကလည်း လိုအပ်ပြီဆိုရင် ဘယ်​သွားသဝေထိုးနေမှန်းကိုမသိဘူး....ငါနော်..

"အဲ ယွီပင်း...ဆ...ဆရာမ.."

"အေးကွယ်...ဒီမှာသားသူငယ်ချင်း ဗိုက်တွေအောင့်နေလို့တဲ့....အတော်ပဲ... သားသူ့ကိုဆေးခန်းလိုက်ပို့ပေးလိုက်...ပြီးတော့ အဆောင်ပြန်ပြီး နားခိုင်းလိုက်....သားလည်း ပြန်လာမနေနဲ့တော့ ဆရာမပြောပေးထားမယ် နော်...ဟုတ်ပြီလား......"

"ဟုတ်...ဆရာမ...ဟုတ်... "

"လာ ယွီပင်း.... "

"အင်း...."

ကျောင်းအပြင်ရောက်သော်....

"ယွီပင်း မင်းမသက်သာတာ ကျောင်းဆေးခန်းသွားပါမယ်ဆိုတာကို ဘာလို့အဆောင်ပဲ တန်းပြန်မှာတုန်း ငဒူရဲ့.."

"ကျစ်..မင်း...."

"လာ..လာ...ဖြေးဖြေး...ယွီပင်း.... ဖြေးဖြေး...."

ကျောင်းပေါက်ဝကထွက်လို့ လမ်းအပြင်ဘက် ဟိုဘက်ခြမ်းလမ်းကြားပဲတောင် ရောက်နေပြီပဲဟာ ဟန်ဆောင်မနေတော့ပါဘူး.....

"ရပြီ ရပြီ....အဲ့လောက်ဆိုရပြီ..... အမလေး မောထားတာ....ကန်တော့ကန်တော့ပါ ဆရာမရယ်....ကန်တော့ကန်တော့ပါ.....သားအမိုက်အမဲလေးကို ခွင့်လွှတ်ပေးပါ...ခွင့်လွှတ်ပေးပါ....."

"ဟမ်!!...."

ခုနတုန်းကတော့ သေမလိုအခွပ်နဲ့ မျက်ရည်တွေ ဘူးသီးလုံးလောက်ကျပြီးတော့ အခုကျ ခွင့်လွှတ်ပါ ခွင့်လွှတ်ပါနဲ့ ဉီးတွေကုန်းချနေတယ်....ဒီကောင် ဘာလားပဲ.....

"အိမ်း...ပြီးပြီ...ဟီးး...ကျန်းချန်....."

"မင်းခုနတုန်းက...."

You're my destinyNơi câu chuyện tồn tại. Hãy khám phá bây giờ