အခန်း (၄၈၉)

Começar do início
                                    

ဆက်တိုက် နောက်ဆုတ်နေသည့် ဟုန်ကျူက ထိုစကားကို ကြားသောအခါ ချက်ချင်းဆိုသလို ဖြူဖျော့သွားလေ၏။  သူက တုန်လှုပ်တကြီးဖြင့် လက်နှစ်ဖက်ဆုပ်ကာ

“ တာအိုရောင်းရင်းမိုရဲ့ ပညာက ကျုပ်ထက် အများကြီး သာလွန်ပါတယ်ဗျာ။ တကယ်လို့ ကျုပ်ကို သတ်ချင်ရင်  ဖြစ်နိုင်တယ်ဆိုတာ ကျုပ် ယုံပါတယ် ”

မိုဝူကျီက ပီခန်းဘက် လှည့်က ပြောလိုက်သည်  “ တာအိုရောင်းရင်း ပီခန်းက ခဏလောက် စောင့်ပေးပါဦး ”

ထိုသို့ ပြောပြီး မိုဝူကျီက မြို့အတွင်း ဝင်သွားကာ လက်သီးချက် နောက်တစ်ကြိမ် ပစ်လွှတ်လိုက်ပြန်သည်။

“ ဘုန်း ”

တည်နေရာတစ်ခုလုံး   ရှုပ်ယှက်ခတ်ကုန်သည်။  အင်မော်တယ်နယ်မြေသို့ သွားရန်  အသစ်တည်ဆောက်ထားသော ကူးသန်းရေး အစီအရင်မှာ နောက်တဖန် မိုဝူကျီ၏ လက်သီးတစ်ချက်ဖြင့် ပျက်စီးသွားပြန်၏။

မိုဝူကျီကို လက်ကို ဝေ့ယမ်းပြလိုက်ပြီးနောက် အင်မော်တယ်တပိုင်းနယ်ပယ်နှင့် ချိတ်ဆက်ထားသော ကူးသန်းရေး အစီအရင်ပေါ် ချိတ်ပိတ်ထားသည်ကို ဖျက်စီးပစ်လိုက်သည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် မိုဝူကျီက ပီခန်းဆီ ပြန်ရောက်လာကာ လက်ကမ်းပေးရင်း ပြောလိုက်သည်

“ တာအိုရောင်းရင်း ပီခန်း ...  ရှေ့က ဦးဆောင်ပါ ”

ထိုသို့ ပြောပြီးနောက် မိုဝူကျီက တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် အော်ပြောလိုက်သည်

“ တကယ်လို့ တစ်ယောက်ယောက်က အင်မော်တယ်တပိုင်းနယ်ပယ်ကနေ ရောက်လာတဲ့ ကျင့်ကြံသူတွေကို ဒဏ်ရာရစေတာပဲ ဖြစ်ဖြစ်၊ သေစေတာပဲ ဖြစ်ဖြစ်  ကျုပ် လက်သီးချက်ကို လက်ဆောင်အဖြစ် ပေးလိုက်မယ်။

အဲဒီအခါကျ ယင်ပြန့်မြို့ကို ကျုပ် တတိယအကြိမ်မြောက် ရောက်လာတာ ဖြစ်သွားလိမ့်မယ်  ”

ပီခန်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ချိုးသွားပြီး သူက စိတ်အတွင်းမှ သက်ပြင်းသာ ချလိုက်နိုင်သည်။ သူက မိုဝူကျီကို မြို့စားအိမ်တော်ဆီ ခေါ်လာလိုက်သည်။ ဟုန်ကျူက ချက်ချင်း ထွက်သွားချင်သော်လည်း သူက ဘာမှမလုပ်ရဲဘဲ နောက်ကနေသာ လိုက်လာလိုက်ရသည်။

လူသားသစ္စာ Translation Book 4 ( 401 - 500)Onde histórias criam vida. Descubra agora