chapter 415 (z)

640 67 0
                                    

လူသားသစ္စာ စာစဉ် (၃၀)
ဘာသာပြန်ဆိုသူ  ..... ကြည်ဖြူ (ရိုးရာ)

အခန်း  (၄၁၅)  :   သခင်ပုဆိန်ကို နှုတ်ဆက်ပါတယ်

မိုဝူကျီနှင့် ကျာချီတို့ နှစ်ယောက်လုံး ဆရာကြီး ဖူကျိအမူအယာကို သတိပြုမိလိုက်သောကြောင့် မိုဝူကျီက  မမေးခင် ဆရာကြီးဖူကျိက အရင်ဦးစွာ မိုဝူကျီကို ကြည့်ရင်း မေးလိုက်သည်

“ ဒီတိုက်သင်္ဘောကို ဘယ်ကနေ ရလာတာလဲ ”

မိုဝူကျီက လေးနက်စွာ ပြန်ဖြေလိုက်သည်  “ ဆရာကြီးဖူကျိ .... ကျုပ်က အဲဒီတိုက်သင်္ဘောကို အပြီးသတ်ရအောင်လို့ ဖိတ်ခေါ်လိုက်တာလေ ညှိနှိုင်းဖို့ မဟုတ်ဘူး ”

ကျာချီက မိုဝူကျီမှာ ရန်စ၍ မဖြစ်သည့်သူမှန်း သိ၍ မြန်မြန် ကြားဝင်စေ့စပ်ပေးလိုက်သည်  “ ဆရာကြီးဖူကျိ ....  ကျမတို့က မိုဝူကျီရဲ့ကိုယ်ပိုင် ကိစ္စကို အများကြီး မမေးသင့်ဘူး မလား ”

ဖူကျိက မိုဝူကျီနှင့် လက်သီးချင်း ယှဉ်သည့် ကိစ္စကို အမှတ်ရလိုက်ပြီး ယခင် မိုဝူကျီက သူ့ထက် အဆင့်များစွာ နိမ့်နေလျက်သားနှင့် သူဖက်က အခွင့်မသာခဲ့ချေ။ ယခုအခါ မိုဝူကျီက အဆင့်တက်လာပြီ ဖြစ်ရာ ပို၍ အားကောင်းလာသည်မှာ သေချာလှသည်။ ထို့အပြင် မိုဝူကျီ၏ နေရာတွင် အစီအရင်များစွာ တပ်ဆင်ထားသည့်အတွက် သူ့အတွက် မိုဝူကျီကို တိုက်ခိုက်ရန် မကောင်းချေ။

ထိုအတွေးဖြင့် ဆရာကြီးဖူကျိ အမူအယာနှင့် လေသံမှာ လျော့ကျသွားပြီး

“ တာအိုရောင်းရင်းမို ... ကျုပ်မှာ အကြံဆိုး မရှိပါဘူး။ ဒါပေမဲ့ ဒီတိုက်သင်္ဘောရဲ့ အမြောက်တွေနဲ့ ယမ်းတွေ ဘယ်ရောက်သွားလဲ သိချင်ရုံပါ ”

မိုဝူကျီက ဆရာကြီးဖူကျိသည် အမြောက်အကြောင်း ပြောလိုက်သည့်အခါ အံ့ဩသွားခဲ့သည်။ မိုဝူကျီက အမြောက်များကို ဖယ်ထားပြီးပြီ ဖြစ်ရာ ဆရာကြီးဖူကျိက ထိုအကြောင်းအရာများကို  မည်သို့ သိနေသနည်း။

“ ဆရာကြီးဖူကျိ ... ဒါတွေက ခင်ဗျားနဲ့ မသက်ဆိုင်ပါဘူး။ တစ်ခုခု အကူအညီလိုရင် ကျုပ်ကို ပြောလိုက်ပါ ... ”မိုဝူကျီက အသာ ပြောလိုက်သည်။

လူသားသစ်စာ Translation Book 4 ( 401 - 500)Where stories live. Discover now